October 19, 2024

၁၉. ၉. ၂၀၂၃
Written by Nay Aung

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် လက်ခံကျင်းပသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ပထမဆုံးအကြိမ်ပြုလုပ်သော ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကို မြန်မာနိုင်ငံပါဝင်ခဲ့ကြောင်း သိရသည်။

ASEAN Solidarity Exercise ဟု အမည်ပေးထားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ပထမဆုံးအကြိမ်ပူးတွဲလေ့ကျင့်မည့် ရေတပ်စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်များတွင် ပူးတွဲကင်းလှည့်ခြင်း၊ ပူးတွဲကယ်ဆယ်ရေးလုပ်ခြင်း၊ သဘာဝဘေးအန္တရာယ်နှင့်လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေး လုပ်ငန်းများကဲ့သို့သော တိုက်ခိုက်ရေး မဟုတ်သော လေ့ကျင့်ခန်းများကို အဓိကထား လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနိးရှားစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မာဂိုနို ယူဒိုက ” အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး စုစည်းညီညွှတ်မှုနဲ့အတူ ဒေသအတွင်းတည်ငြိမ်အောင် ထိန်းသိမ်းနိုင်မှာပါ။မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးဟာ ငါးရက်ကြာကျင်းပမယ့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကို ပူးပေါင်းပါဝင်မှာပါ”ဟု ပြောသည်။

ဗိုလ်ချုပ်ကြီး ယူဒိုသည် အဆိုပါစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်တွင် မြန်မာနိုင်ငံပါဝင်သည်ဆိုသောအချက်ကို ထုတ်ဖော်ပြောဆိုခဲ့သော်လည်း မြန်မာတပ်ဖွဲ့ဝင်ဦးရေ နှင့်ပတ်သက်ပြီး အတိအကျ ပြောဆိုခြင်းမျိုးမရှိကြောင်းသိရသည်။ အင်ဒိုနီးရှားနိုင်ငံ ဘာတန်ကျွန်းတွင် ယနေ့ စတင်ခဲ့သော စစ်ရေးလေ့ကျင့်ခန်းကို မြန်မာ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။ ထိုအတူ အရှေ့တီမောလည်း ပါဝင်ခဲ့သလို အင်ဒိုနီးရှားစစ်ဘက်တာဝန်ရှိသူတစ်ဦးကလည်း မြန်မာနိုင်ငံအနေဖြင့် အဆိုပါစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကိုလေ့လာသူအဖြစ်တက်ရောက်ခွင့်ရဖွယ်ရှိကြောင်းလည်း ပြောသည်။

Ref; barrons

Leave a Reply

Your email address will not be published. Required fields are marked *