October 19, 2024

၁၉. ၉. ၂၀၂၃
Written by Min Mahar

ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-ပွေးကျစ်သွားကားလမ်းဘေးရှိ ခြုံပုတ်အတွင်း၌ PDF များ၏ လက်လုပ်မိုင်း ၅ လုံး ယနေ့မွန်းလွဲပိုင်းက တွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၁၉ ရက်နေ့)မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဟင်းခွက်အိုင်ကျေးရွာနှင့် ကန်နီကျေးရွာကြား၊ ကျောက်ပန်းတောင်း-ပွေးကျစ်သွားကားလမ်းဘေးရှိ ခြုံပုတ်အတွင်း၌ ဒေသခံတစ်ဦးမှ လက်လုပ်မိုင်းများတွေ့ရှိသည်ဟု သက်ဆိုင်ရာအား အကြောင်းကြားခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်နေရာသို့ ရောက်ရှိစစ်ဆေးရာ ဆာလာအိတ်အတွင်းထည့်လျက် ၃ လက်မ သံပိုက်ဖြင့်ပြုလုပ်ထားသော အရှည် ၈ လက်မခန့်ရှိ လက်လုပ်မိုင်း ၃ လုံးနှင့် ဆာလာအိတ်ဘေးတွင် ၃ လက်မသံပိုက်ဖြင့် ပြုလုပ်ထားသော အရှည် ၆ လက်မခန့်ရှိ လက်လုပ်မိုင်း ၂ လုံးတို့အား တွေ့ရှိရသဖြင့် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် တွေ့ရှိသည့်နေရာ၌ပင် မြေမြှုပ်ဖျက်ဆီးခဲ့ပြီး အခြားထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *