October 18, 2024

၁၉. ၉. ၂၀၂၃
Written Nay Moe

ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာ၊ ရွာဦးကျောင်းရှိ ရှေးဟောင်းဆင်းတုတော်များနှင့် ပုရပိုက်များကို စောင့်ရှောက်နေသည့် ကျောင်းထိုင်ဆရာတော်ကို PDF များက သ-တ်ဖြ-တ်မှုဖြစ်ပွားပြီးနောက် ထိုရှေးဟောင်းဆင်းတုတော်များနှင့် ပုရပိုက်များကို ပခန်းကြီးကျေးရွာ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်၌ ခေတ္တထိန်းသိမ်းထားနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးရွာ၏ ရွာဦးကျောင်း ကျောင်းထိုင်ဆရာတော်ဖြစ်သည့် ဦးကုမာရ(သက်တော် ၇၃ နှစ်၊ ဝါတော် ၅၃)နှစ်အား PDF အဖွဲ့က စက်တင်ဘာ ၁၇ ရက် ည ၁၁ နာရီခန့်အချိန်က ဝင်ရောက်ဖမ်းဆီးပြီးနောက် ဆင်ချောင်းဆည်အနီး၌ သ-တ်ဖြ-တ်ခဲ့မှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ဆရာတော်ထိန်းသိမ်းထားသည့် ရှေးဟောင်းဆင်းတုများနှင့် ပုရပိုက်များကို PDF တို့သိမ်းယူမည်ကို ဒေသခံများစိုးရိမ်နေသည့် မေးခွန်းနှင့်စပ်လျည်း၍ စီစဥ်မှုအခြေအနေ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာ၊ ရွာဦးကျောင်းနှင့်စပ်လျဉ်း၍ လွန်ခဲ့သော ၁၀ နှစ်ခန့်က ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ကိုင်းမကြီးရွာ၊ ရွာဦးကျောင်းရှိ ရှေးဟောင်းဆင်းတုတော်များနှင့် ပုရပိုက်များအား ပခန်းကြီးရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ပြတိုက်တွင် ပြသရန် လာရောက်တောင်းခံခဲ့သော်လည်း ဆရာတော်ဦးကုမာရနှင့် ကျေးရွာသားများက လက်မခံသဖြင့် အဆိုပါရှေးဟောင်းဆင်းတုတော်များနှင့် ပုရပိုက်များမှာ ကိုင်းမကြီးရွာ၊ ရွာဦးကျောင်းတွင် ယခုအချိန်အထိ ရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် PDF များက သ-တ်ဖြ-တ်လိုက်သည့် ကိုင်းမကြီးရွာ၊ ရွာဦးကျောင်းဆရာတော် ဦးကုမာရသည် ယခင်ရေစကြိုမြို့နယ်သံဃနာယကအဖွဲ့ဝင်၊ ယခု ရပ်/ကျေးအုပ်စု သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဖြစ်သည်ဟု သိရသည်။

ရေစကြိုမြို့နယ်၊ ကိုင်းမကြီးရွာသည် ပခန်းကြီးရွာမှ ၂ မိုင်ခန့်သာကွာဝေးပြီး ပခန်းကြီး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပါဝင်နေကာ လတ်တလောတွင် နယ်မြေဒေသလုံခြုံရေးအခြေအနေအရ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာ၊ ရွာဦးကျောင်းရှိ ရှေးဟောင်းဆင်းတုတော်များနှင့် ပုရပိုက်များကို ပခန်းကြီးကျေးရွာ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်၌ ခေတ္တထိန်းသိမ်းထားနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

ကိုင်းမကြီးရွာ၊ ရွာဦးကျောင်းထိုင်ဆရာတော်သ-တ်ဖြ-တ်ခံရမှုနှင့်စပ်လျည်းသည့် ကနဦးသတင်းကို MT News သတင်းဌာနက ဖော်ခဲ့ပြီးဖြစ်ပြီး အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *