October 18, 2024

၁၉. ၉. ၂၀၂၃
Written by Nyein Kyaw

လေဆိပ်အတွင်းသို့ ခရီးသည်လိုက်ပါပို့ဆောင်မည့်သူများ ယာယီဝင်/ထွက်ခွင့်ကတ် ထုတ်ယူ၍ လိုက်ပါပို့ဆောင်နိုင်ပြီဖြစ်ကာ ယင်းအတွက် မည်သည့်အခကြေးငွေမှ ပေးဆောင်ရန်မလိုအပ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အသိပေးကြေညာထားသည်။

ခရီးသည်ပို့ဆောင်/ကြိုဆိုရန်အတွက် လေဆိပ် Public Area ယာယီဝင်/ထွက်ခွင့်ကတ် ထုတ်ယူရာတွင် မည်သည့်အခကြေးငွေမျှ ပေးဆောင်ရန်မလိုအပ်ကြောင်းနှင့် လေဆိပ် Public Area ယာယီဝင်/ထွက်ခွင့်ကတ်ပြားအား ချိတ်ဆွဲပြီး ဂိတ်အမှတ် (၂)မှ အစစ်ဆေးခံဝင်ရောက်၍ ဂိတ်အမှတ် (၆)မှ ပြန်လည်ထွက်ခွာရမည်ဖြစ်သည်။

“လေဆိပ်ထဲကို ခရီးသည်လိုက်ပို့လို့ရပြီဆိုတာ ဟုတ်ပါတယ်။ မှတ်ပုံတင်တော့ လိုပါတယ်” ဟု Yangon Aerodrome Co.Ltd (YACL) မှ လုံခြုံရေးအရာရှိတစ်ဦးက ပြန်လည်ဖြေကြားထားသည်။

လေဆိပ် Terminal Public Area အတွင်း ခရီးသည်ပို့ဆောင်/ကြိုဆိုစဉ် ယာယီဝင်/ထွက်ခွင့်ကတ်ပြားအား အမြဲတမ်းချိတ်ဆွဲထားရမည်ဖြစ်ကြောင်းနှင့် လေဆိပ်၏ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

ခရီးသည်လိုက်ပါ ပို့ဆောင်/ကြိုဆိုရန်အတွက် ထုတ်ယူထားသော လေဆိပ် Public Area ယာယီဝင်/ထွက်ခွင့်ကတ်ပြားအား အလွဲသုံးစားပြုလုပ်ပါက အဆိုပါကတ်ပြား ဖြုတ်သိမ်း၍ သက်ဆိုင်ရာမှ အရေးယူခြင်းခံရမည်ဖြစ်သည်။

ခရီးသည်လိုက်ပါပို့ဆောင်/ကြိုဆိုရန်အတွက် ထုတ်ယူထားသော လေဆိပ် Public Area ယာယီဝင်/ထွက်ခွင့်ကတ်ပြားအား ဂိတ်အမှတ် (၆) တွင် ပြန်လည်အပ်နှံပြီးမှသာ ထွက်ခွာရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *