October 19, 2024

၁၉. ၉. ၂၀၂၃
Written by Min Mahar

လားရှိုးမြို့ရှိ CS Hotel အား TNLA/PDF များမှ ဆိုင်ကယ်အတွင်း ဗုံးထည့်ပြီးဖောက်ခွဲခဲ့သဖြင့် လူ ၈ ဦးဒဏ်ရာရရှိပြီး ၁ ဦးသေဆုံးမှု ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ ကနဦးသိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၁၉ ရက်နေ့)ညနေ ၅ နာရီ ၂၅ မိနစ်ခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်၊ CS ဟိုတယ်ကို TNLA/PDF များမှ ဆိုင်ကယ်အတွင်း ဗုံးထည့်၍ ဖောက်ခွဲခဲ့သောကြောင့် ပေါက်ကွဲမှုဖြစ်ပြီး လူ ၈ ဦး ဗုံးစထိခိုက်မှန်ဒဏ်ရာရရှိကာ တစ်ဦးမှာမူနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သဖြင့် ဒဏ်ရာရရှိသူများနှင့် အလောင်းအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် လားရှိုးမြို့ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြာင်း သိရသည်။

အဆိုပါအခင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လမ်းများအားပိတ်ဆို့ကာ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း ပေါက်ကွဲမှုအနီးနေထိုင်သော အမည်မဖော်လိုသူတစ်ဦးမှ MT News သတင်းဌာနသို့ ပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *