October 19, 2024

◾ သုံးလအတွင်း တစ်ထရီလျံအကြွေးတိုးလာမှုကြောင့် အမေရိကန်အိမ်ထောင်စုတစ်စုလျှင် အကြွေး ဒေါ်လာ ၂၆၀၀၀၀ တင်ရှိနေ

၁၉.၉.၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုက ပေးဆပ်ရန်ရှိသော ကြွေးမြီစုစုပေါင်းမှာ နိုင်ငံ၏သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၁၈ ရက်တွင် အမေရိကန် ဒေါ်လာ ၃၃ ထရီလျံကျော်သွားခဲ့ပြီး စုစု‌ပေါင်းကြွေးမြီမှာ ဒေါ်လာ ၃၃ ဒသမ ၀၄ ထရီလျံတင်ရှိနေပြီဖြစ်ကြောင်း အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

၎င်းက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်တွင် ဒေါ်လာ ၃၂ ထရီလျံကျော်လာသော ကြွေးမြီပမာဏထက် ဒေါ်လာ တစ် ထရီလျံ ထပ်မံ‌မြင့်တက်၍ စံချိန်ချိုးလိုက်ခြင်းလည်းဖြစ်သည်။ ထို့ကြောင့်လည်း အမေရိကန်မိသားစုတစ်စုလျှင် ကြွေးမြီတင်ရှိမှု အမေရိကန်ဒေါ်လာ ၂၆၀,၀၀၀ ရှိသွားပြီဟုလည်း သိရသည်။

ကွန်ဂရက်အနေဖြင့် အမေရိကန်အစိုးရအား စက်တင်ဘာလမကုန်မီ ရံပုံငွေထောက်ပံ့ခြင်းမပြုနိုင်ပါက အစိုးရလုပ်ငန်းများ ရပ်ဆိုင်းရဖွယ်ရှိကြောင်းလည်းသိရသည်။ အောက်လွှတ်တော် ရီပတ်ဘလီကန် အမတ်အချို့ကမူ အစိုးရ၏အသုံးစရိတ်များ အဆမတန်များပြားလာမည်ကိုစိုးရိမ်ကာ အဆိုပြုထားသော ကာလတို ငွေကြေးထောက်ပံ့ရေး ဥပဒေမူကြမ်းကိုဆန့်ကျင်လျက်ရှိကြသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး မစ္စက် ဂျယ်နက် ရယ်လင် ကမူ ငွေဖောင်းပွမှုနှင့် အတိုးနှုန်းများမြင့်တက်နေသော်လည်း အမေရိကန်နိုင်ငံ၏စီးပွားရေးက အခက်အခဲမရှိပါ‌ကြောင်း စက်တင်ဘာလ ၁၈ ရက်က ပြောခဲ့သည်။

Ref–Businesstoday

Leave a Reply

Your email address will not be published. Required fields are marked *