October 19, 2024

၁၉. ၉. ၂၀၂၃

Written by Naing Thuta

မြင်းမူမြို့ဝင်ဆိုင်းဘုတ်ကို ကုန်တင်ကားတစ်စီးဝင်တိုက်မိရာက ပြိုကျပျက်စီးသွားပြီး ကားပေါ်ပါလာသည့် လူ ၂ ဦးဒဏ်ရာရရှိမှု ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြတ်သုခ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းမှ သိရသည်။

This image has an empty alt attribute; its file name is 379681462_608419388130799_282460015369923862_n.jpg

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၁၉ ရက်)မွန်းလွဲ ၁၂ နာရီကျော်က စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ မြို့ရှောင်လမ်းဆုံ၌ရှိသည့် “မြင်းမူမြို့မှကြိုဆိုပါ၏” ဆိုင်းဘုတ်အား ကုန်တင်ကားတစ်စီးဝင်တိုက်ခဲ့မှုကြောင့် ဆိုင်းဘုတ် ပြိုကျပျက်စီးသွားသည့်အပြင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ၂ ဦး ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မြတ်သုခ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများ ပြုလုပ်ပေးခဲ့ပြီးနောက် မြင်းမူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခင်းဖြစ်ပွားရာသို့ နယ်မြေခံရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့သော ယာဉ်မောင်းဖြစ်သူအား အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြာင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *