October 19, 2024

၁၉. ၉. ၂၀၂၃

Written by Naing Thuta

နေပြည်တော်တိရစ္ဆာန်ဥယျာဉ်ရှေ့တွင် ကားလမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရပြီး တိုက်သွားသည့်ယာဉ်မှာ ထွက်ပြေးသွားသည့်ဖြစ်စဉ်တစ်ခု ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း နေပြည်တော်တိရိစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၁၉ ရက်)ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ် (မိုင်တိုင်၂၃၁/၄-၅ ကြား)၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ရှေ့တွင် အမည်မသိအမျိုးသမီးတစ်ဦး လမ်းဖြတ်ကူးနေစဉ် မော်တော်ယာဉ်တစ်စီးဖြင့် တိုက်မိပြီး ၎င်းမော်တော်ယာဉ်မှာ ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းယာဥ််တိုက်မှု့ကြောင့် အမျိုးသမီးတွင် ယာဘက်ပါးပွန်းပဲ့သွားသည့်ဒဏ်ရာနှင့် ဦးခေါင်းနှောက်စေ့ပေါက်ပြဲ (စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့သဖြင့် ဒေသခံပရဟိတအသင်းယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထွက်ပြေးသွားသည့်မော်တော်ယာဥ်မောင်းနှင်သူအား အမြန်ဆုံးဖမ်းဆီးနိုင်ရမိရေးအတွက် လိုက်လံစုံစမ်းမှုများဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *