October 19, 2024

၁၉. ၉. ၂၀၂၃

Written by Naing Thuta

ပြည်ကြီးတံခွန်မြို့နယ်ရှိ ဂိုဒေါင်တစ်ခုမှ မီးကြိုးများကို ဖြုတ်ခိုးပြီး ကြေးကြိုးများ ဖြုတ်ခိုးယူသူ ၃ ဦးကို ယမန်နေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၁၈ ရက်နေ့)မနက် ၁၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ဂိုဒေါင်တစ်ခုမှ လူနေအိပ်ခန်းနှင့် အိမ်သာအခန်းများတွင် သွယ်တန်းထားသော မီးကြိုးများကို အသက် ၂၁ နှစ်အရွယ်ခန့်ရှိသော အောင်ဥာဏ်ဖြိုး၊ အသက် ၁၇ နှစ်အရွယ်ခန့်ရှိသာ စန်းမောင်၊ အသက် ၁၅ နှစ်အရွယ်ရှိသော သဲကိုကို တို့ ၃ ဦးသည် ဖြုတ်ယူခဲ့ကြစဥ် ၄၉ လမ်း၊ ၁၂၉ လမ်းပေါ်တွင် ကြေးကြိုးများနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

အဆိုပါသုံးဦးသည် ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ကွက်သစ်တွင် နေထိုင်ကြသူများဖြစ်ပြီး ၎င်းတို့အား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ဖမ်းဆီးထားကာ အမှုဖွင့်အရေးယူထားကြောင်းနှင့် ယခုရက်ပိုင်းအတွင်း ကုန်စျေးနှုန်းကြီးမြင့်လာသည့်အတွက် ခိုးဆိုးလုယက်မှုများ များပြားလာသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *