October 18, 2024

၁၉. ၉. ၂၀၂၃

Written By Thandar

မိသားစုဒရာမာ စိတ္တဇဆန်ဆန်ပုံစံ“အချိန်လွန်မိုး” ရုပ်ရှင်ဇာတ်ကား Premiere Show ပွဲကို ဒီနေ့ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ ဒီဇာတ်ကားက ကျွန်တော့်ရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်သလို အမှတ်တရတွေလည်း အများကြီးရှိတဲ့ ဇာတ်ကားပါ။ ဘဝတစ်လျှောက်လုံးလည်း ကျွန်‌တော့်အတွက် အမှတ်တရဖြစ်နေမယ့် ဇာတ်ကားပါ။ မိသားစုတစ်စုရဲ့ ပျော်ရွှင်မှုတွေအပြီး တွေ့ကြုံလာရတဲ့ အခက်အခဲလေးတွေကို ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းလေးစကတည်းကနေ အခုလိုရုံတင်ပြသနိုင်တဲ့အထိ ပါဝင်ကူညီပေးခဲ့ကြသူအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်”လို့ ဒါရိုက်တာ နေဟိန်းက ပြောပါတယ်။

This image has an empty alt attribute; its file name is 374515020_122106472328040280_1467175906023222080_n.jpg

SM Winner ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်မယ့် ” အချိန်လွန် မိုး” ရုပ်ရှင်ဟာ စံကိုရဲ့ ဇာတ်လမ်းဖြစ်ပြီး မယ်ခိုင်နဲ့ ဖြိုးသင်ဇာကျော်တို့က ဇာတ်ညွှန်း ရေးသားထားတာပါ။ ဒီရုပ်ရှင်ကို ဒါရိုက်တာ နေဟိန်းက ၂၀၁၈ ခုနှစ်ထဲက မိသားစု အချစ်ဒရာမာဇာတ်လမ်းပုံစံ ရိုက်ကူး ပုံဖော်ထားတာပါ။

“ဒီကားလေးက ကျွန်‌တော့်အတွက်တော့ ရိုက်နေကျဇာတ်လမ်းပုံစံနဲ့ မတူတဲ့ပုံစံတစ်ခုကို သွားချင်တဲ့အတွက် ကြိုးစားဖန်တီးထားတဲ့ ဇာတ်ကားပါ။ သရဲကား အရမ်းကြောက်ရတဲ့ ဇာတ်ကားမျိုးမဟုတ်ပါဘူး။ မိသားစုဒရာမာကိုမှ စိတ္တဇ ဆန်ဆန်ဇာတ်လမ်းမျိုးလေးပါ။ သေချာတာတစ်ခုကတော့ ပရိသတ်တွေအတွက် မတူညီတဲ့ ရသတစ်ခုတော့ ခံစားရစေမယ်လို့ ထင်ပါတယ် ” လို့ သရုပ်ဆောင် နေတိုးက ပြောပါတယ်။

This image has an empty alt attribute; its file name is 376680017_122106472286040280_4212687904542526972_n.jpg

ဒီဇာတ်ကားမှာ သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ နေတိုး ၊ အောင်မင်းခန့် ၊ မိုးဟေကို ၊ ခြူးလေး ၊ အကယ်ဒမီ ရဲအောင် ၊ သွန်းမြတ်ကြယ်စင် ၊ မိကြယ်စင်ကျော်ကျော် ၊ ကေညီ ၊ သူဇာပွင့် စတဲ့အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

အချိန်လွန် မိုး ရုပ်ရှင်ဇာတ်ကားကို လာမယ့် စက်တင်ဘာ ၂၂ ရက်မှာ မြန်မာတစ်ပြည်လုံးက အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *