October 22, 2024

MT News

Photo Tha Doe

ခါတိုင်းရက်တွေမှာ ည ၈ နာရီမထိုးမီ လူနေကြဲပါးသွားတဲ့ ရန်ကုန်မြို့ပြညတွေဟာ ယမန်နေ့ညမှာတော့ ပံသုကူ(အများအခေါ် ပံ့သကူ) ကောက်သူတွေနဲ့ စည်ကားနေပါတယ်။

ကားတစ်စီးဖြတ်လာတိုင်း ပိုက်ဆံပစ်ချဖို့ အော်ကြသလို ကားတွေပေါ်ကနေလည်း ပိုက်ဆံကြဲချတာကြောင့် ကားသမားတွေကလည်း သတိပြုမောင်းနေကြသလို မိန်းမငယ်တွေပါမကျန် ပံသုကူကောက်ဖို့ လမ်းမပေါ်ရောက်နေရာမှာ စမ်းချောင်းလို ရန်ကုန် မြို့လယ် ကြွယ်ဝသူတွေနေတယ်ဆိုတဲ့ နေရာတွေမှာပါ ပံသုကူကောက်နေကြတာ တွေ့ရပါတယ်။

ခါတိုင်းမှာ ရဲကားတွေ ဖြတ်လာရင် ကြောက်ရွံတတ်တဲ့သူတွေက ကြည့်မြင်တိုင်ကမ်းနားလမ်းကို ရဲကားတစ်စီးပတ္တရောင်လှည့်လာချိန် ပိုက်ဆံကြဲဖို့ အော်ကြလို့ ရဲကားကလည်း ပိုက်ဆံကြဲသွားတာကို MT News က တွေ့မြင်ခဲ့ရပါသေးတယ်။

သေချာတာကတော့ တန်ဆောင်မုန်းလပြည့်ရဲ့ ရန်ကုန်ညမှာ ပံသုကူရှာဖွေသူတွေဟာ ထွက်လာတဲ့ကားတွေကိုပိုက်ဆံကြဲဖို့ တောင်းဆိုကြရင်း ပံသုကူဓလေ့နဲ့အညီ ဘယ်သူမှမသိနိုင်အောင် ကိုယ်လှူသွားမှန်းမသိအောင် လှူသွားကြတာတွေ လိုက်လံရှာဖွေရင်း နိုးကြားတက်ကြွနေကြမှာတော့ အသေအချာပါ။

Leave a Reply

Your email address will not be published. Required fields are marked *