၂၀. ၉. ၂၀၂၃
Written by Nay Aung
အိန္ဒိယ အာသံရိုင်ဖယ်တပ်ရင်းသည် အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသကို လုံခြုံရေးတင်းကြပ်ထားချိန်အတွင်းစက်တင်ဘာ ၁၈ ရက်နေ့က အိန္ဒိယရူပီး သန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယသတင်းများကဖော်ပြထားသည်။
အိန္ဒိယအခြေစိုက်သတင်းများ၏ ဖော်ပြချက်အရ အာသံရိုင်ဖယ်တပ်ရင်းသည် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံ သားတစ်ဦးကို အလေးချိန် ၁၀ ကီလိုဂရမ်ရှိ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာသံရိုင်နယ်တပ်ရင်းသည် သတင်းအရ မီဇိုရမ်ပြည်နယ် Zokawthar အရပ်ဒေသကို စီးနင်းချိန်အတွင်း မြန်မာနိုင်ငံသားတစ်ဦးကို စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ မြန်မာနိုင်ငံသား၏ လက်ထဲတွင် စိတ်ကြွဆေးပြားများကို လက်ဝယ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
အာသံရိုင်ဖယ်တပ်ရင်းသည် ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများနှင့်အတူ မြန်မာနိုင်ငံသားကို Zokawthar မြို့ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး ရဲစခန်းက အသေးစိတ်ထပ်မံစစ်ဆေးမှုများ လုပ်ဆောင်ဖွယ်ရှိနေကြောင်း သိရသည်။ အာသံရိုင်ဖယ်တပ်ရင်းသည် အိန္ဒိယပိုင်နက်အတွင်းသို့ မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းမှုများ၊ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုများနှင့် မှောင်ခိုတင်သွင်းမှုများကို တားဆီးနိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသများတွင် လုံခြုံရေးတင်းကြပ်ထားကြောင်းသိရသည်။
Ref; newsroomodisha.