October 19, 2024

၂၀. ၉. ၂၀၂၃
Written by Min Mahar

မတ္တရာမြို့နယ်တွင် နေအိမ်၌ရှိနေသော အမျိုးသားတစ်ဦးကို PDF ၁၀ ဦးခန့်က သ-တ်ဖြတ်ရန် ရောက်လာသည့်အတွက် ထွက်ပြေးသော်လည်း မလွတ်မြောက်ဘဲ သေနတ်ဖြင့် ပစ်သ-တ်ခံရမှု ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၁၉ ရက်)ည ၁၀ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာတွင် တောင်သူလုပ်ကိုင်ပြီးနေထိုင်သော အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူနှင့်အတူ ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့မှ အမျိုးသား ၁၀ ဦးခန့်သည် လက်နက်များကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာသဖြင့် ၎င်းအမျိုးသားသည် ရွှေတစ်ချောင်းမြောင်းဘောင်အတိုင်း ထွက်ပြေးစဉ်  သေနတ်ဖြင့် လိုက်၍ ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါပစ်ခတ်ခံရမှုကြောင့် ၎င်းအမျိုးသားတွင် ယာဘက်ရင်အုံကို ကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၂ ချက်၊ ယာဘက်နားထင်ကို  ကျည်ဖောက်ဝင်သည့်ဒဏ်ရာ ၁ ချက်၊ ရင်ညွန့်ကိုလည်း ကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်လည်ပင်းကိုပါ ကျည်ဖောက်ဝင်သည့်ဒဏ်ရာ ၁ ချက်တို့အသီးသီးရရှိပြီး နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *