October 19, 2024

၂၀. ၉. ၂၀၂၃
Written By Thandar

မင်းသမီးလေး မေဆူးမောင်ဟာ အမွှာသမီးလေးတွေ Due date မရောက်သေးခင် စက်တင်ဘာ ၁၉ ရက် ညပိုင်းက မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

“Due date မရောက်သေးခင် Mummy ဇာတ်လမ်းတွဲ “ချစ်လှစွာသော” စပြတဲ့နေ့မှာပဲ အမှတ်တရဖြစ်အောင် Mummy ကို အားပေးဖို့ရောက်လာတဲ့ ချစ်လှစွာသော အမွှာမင်းသမီးလေးတွေ Love u my little twin princess God bless them” လို့ သရုပ်ဆောင် မေဆူးမောင်က ပရိသတ်သိအောင် ပြောလာပါတယ်။

သရုပ်ဆောင် မေဆူးမောင်နဲ့ အမျိုးသားဖြစ်သူ Sky တို့က ဘာသာတူလည်းဖြစ်ပြီး ချစ်သူသက်တမ်း ၇ လမှာ လက်ထပ်ခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက ချစ်သူဖြစ်သူနဲ့ ရွှေလက်တွဲခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *