October 19, 2024

၂၀. ၉. ၂၀၂၃
Written by Thuta Zaw

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်က ဘေလီတံတားတစ်စင်းကို KNU/PDF များက ယမန့်နေ့ စက်တင်ဘာ ၁၉ ရက် ညပိုင်းတွင် မိုင်းခွဲဖျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်မှာ ညပိုင်း ၁၀ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တံတားတွင် ပေ ၅၀ ခန့် ပျက်စီးခဲ့သည့်အပြင် ဓာတ်တိုင်လေးတိုင်လည်း ပျက်စီးသွားကြောင်း သိရသည်။

“ဖြူးမြို့နဲ့ အုတ်ဖြတ်ရွာလမ်းကို တက်ဖို့အတွက် ဝဲကြီးရွာဘက်နေ ဖောက်ထားတဲ့ လမ်းပေါ်ကတံတား ဖြစ်တာ။ တံတားအရှည်က ပေ ၄၀၀ လောက် ရှိတာမှာ ရေဘက်ခြမ်း မဟုတ်တဲ့ဘက်ကို ဖောက်ခွဲသွားတာ။ ပျက်စီးမှုက ကြီးမားတယ်ပြောရမယ်” ဟု အထက်ပါ နီးစပ်သူက သိရှိရသော သတင်းကို ပြောကြားသည်။

အဆိုပါ ဖျက်စီးမှုကို ပြုလုပ်သွားသူမှာ KNU/PDF များ ဖြစ်ကြောင်း သိရပြီး တာဝန်ရှိသူများက သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *