October 19, 2024

MRDA ကို ပြည်သူလှူဒါန်းမှု မည်မျှရှိသည် သိခွင့်မရခဲ့ဟုပါ NUG ထံ ခိုဝင်သည့် ယင်းမာပင်တပ်ရင်းလေးခု ဖော်ကောင်လုပ်

၂၀. ၉. ၂၀၂၃
Written by Nay Moe

BRNA ဆိုပြီး ဗိုလ်နဂါးက ကိုယ်ပိုင်တပ်မထောင်ခင်မှာဖွဲ့စည်းခဲ့တဲ့ အရင် MRDA အဖြစ် NUG လက်အောက်ကနေ တိုက်ခိုက်မှုတွေလုပ်ချိန်မှာ PDF ၄၀ ကျော် သေဆုံးခဲ့တယ်ဆိုတာကို ဗိုလ်နဂါးက NUG ဆီစာရင်းမသွင်းခဲ့သလို MRDA ကို ပြည်သူတွေဘယ်လောက်လှူတယ်ဆိုတာလည်း သိခွင့်မရခဲ့ဘူးလို့ ဗိုလ်နဂါးလက်အောက်ကနေ NUG လက်အောက်ကိုအပြီးခိုဝင်သွားတဲ့ ယင်းမာပင်ခရိုင်တပ်ရင်းလေးခုက ဖော်ကောင်လုပ်ထုတ်ပြန်ချက်ကို စက်တင်ဘာ ၁၉ ရက် ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။

ဗိုလ်နဂါးဟာ မိမိရဲဘော်တွေအပေါ် လက်နက်အတွက် အကြမ်းဖက်ဖို့ဝန်မလေးတာ၊ နာယကတွေ ရဲဘော်တွေကို အသိမှတ်ပြုတာမရှိတဲ့အပြင် အသုံးမကျသလိုပြောဆိုတာ၊ တစ်ကိုယ်ကောင်းဆန် ၊ အတ္တကြီးမားလာတာကြောင့် ယင်းမာပင်ခရိုင် တပ်ရင်း ၃၊ ၄၊ ၅၊ ၆ က PDF တွေမှာ ဗိုလ်နဂါး ဦးဆောင်မှုနောက် ဆက်လက်လိုက်ပါတဲ့ PDF က ၁၀ ရာခိုင်နှုန်းတောင် မပြည့်ဘဲ ဗိုလ်နဂါးနဲ့ အတူရှိနေတဲ့ ဆက်သွယ်ရေး၊ ဘဏ္ဍာရေးအဖွဲ့၊ လုံခြုံရေးတွေ အပါအဝင် MRDA(မြန်မာ့တော်ဝင်နဂါးတပ်တော်) ပင်မတပ်ရင်း (ခရိုင် တပ်ရင်း ၃) က ၁၅ ဦးခန့်ပဲ လိုက်ပါသွားပြီး ခရိုင်တပ်ရင်း ၂ ရင်းကအသစ်ထောင်တဲ့ BRNA(ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်) မှာ ပြန်ပါလာပြီး တပ်ရင်းတစ်ခုပဲနားတယ်ဆိုတာက ပြည်သူကိုလိမ်ညာတာလို့ ယင်းမာပင်ခရိုင်တပ်ရင်းလေးခုက ဖော်ကောင်လုပ်ပါတယ်။

ပြည်သူထည့်ဝင်တဲ့ ငွေကြေးအားလုံးဟာ ဗိုလ်နဂါး အရှိန်အဝါ ၊ ဗိုလ်နဂါး နာမည်ကြောင့် လှူတာဖြစ်လို့ PDF တွေ ပေးဆပ်တိုက်ပွဲဝင်ရတာနဲ့ မသက်ဆိုင်သလို ပြောလေ့ရှိတဲ့ ဗိုလ်နဂါးရဲ့ ပြောဆိုခံယူချက် လုပ်ရပ်တွေဟာ ဒီမိုကရေစီတော်လှန်ရေးအတွက် ရည်ရွယ်ပြီး တိုက်ပွဲ ဝင်နေတဲ့ PDF တွေအပေါ် အသိအမှတ်မပြုတာကို ပြည်သူတွေ သိစေလိုပြီး အသက်ပေး တိုက်ပွဲဝင်သွားရတဲ့ PDF ၄၀ ကျော်သေဆုံးမှုကို BNRA ကြေညာဖွဲ့စည်းတဲ့အချိန်အထိ NUG ၊ MOD ထံ စာရင်းပေးသွင်းခဲ့မှုမရှိတာကြောင့် ဒီ PDF ၄၀ ကျော် သေခဲ့တာက ဗိုလ်နဂါးနာမည်ကြီးရေးအတွက် ပေးဆပ်နေရသလို ဖြစ်နေခဲ့ရတယ်လို့လည်း NUG ကို ဩဇာခံသွားတဲ့ တပ်ရင်း ၄ ခုက ဖော်ပြခဲ့ပါတယ်။

PPDF ၊ MRDA အဖွဲ့ကို ပြည်သူထည့်ဝင်တဲ့ အလှူငွေမည်မျှရရှိတယ်ဆိုတာကို အခုအချိန်ထိ MRDA နာယကတွေ၊ တပ်ရင်းမှူးတွေ (လုံးဝ) မသိရှိရဘဲ တပ်ရင်းထောက်ပံ့စရိတ်ငွေ ကျပ်သိန်း ၃,၁၈၀ ထဲက သိန်း၂,၆၈၀ ဟာ MRDA ဘဏ္ဍာရေးအဖွဲ့ကို ရောက်ရှိပြီး သိန်း ၅၀၀ ကိုယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်းထံ စစ်ဒေသရုံးက ပို့ပေးခဲ့ပြီး MRDA ဘဏ္ဍာရေးအဖွဲ့က ခရိုင်တပ်ရင်း ၆ ဆီ ထောက်ပံ့ပေးငွေက ကျပ် သိန်းနှစ်ဆယ် မပြည့်တဲ့အပြင် ဗိုလ်နဂါးက ထောက်ပံ့ပေးနေရတယ် ဆိုတာလည်း မဟုတ်ဘဲ MOD ရဲ့ ထောက်ပံ့ငွေနဲ့ လည်ပတ်နေသလိုကျန်တဲ့ တပ်ရင်း ၃ ရင်းကလည်း တစ်လ ကျပ်သိန်း ၅၀ ပြည့်အောင် မသုံးစွဲရဘဲ ဒေသနေ ပြည်သူရဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုနဲ့ ရပ်တည်ခဲ့ရတဲ့အပြင် ပြည်သူလှူဒါန်းငွေ၊ MOD က တပ်ရင်းစရိတ် ထောက်ပံ့ငွေနဲ့ ဝယ်ယူရရှိထားတဲ့ လက်နက်ခဲယမ်း၊ စစ်သုံးပစ္စည်းတွေ၊ စစ်ကြောင်းသုံးယာဉ်တွေ၊ ပွိုင့်ဖိနပ် စတာတွေကိုလည်း ဗိုလ်နဂါးက သူ့ဦးဆောင်မှုနဲ့ ရတာဆိုတဲ့ အကြောင်းပြချက်နဲ့ သိမ်းယူတာကြောင့် အကုန်ပြန်အပ်ခဲ့ရတယ်လို့လည်း ယင်းမာပင်ခရိုင် တပ်ရင်း ၄ ခုက ပြောပါတယ်။

လက်နက်ပစ္စည်း ဝယ်ယူရေးကို ဗိုလ်နဂါးပဲလုပ်ဆောင်ခဲ့တာဖြစ်ပြီး သယ်ယူရောက်ရှိ စာရင်းတွေကလည်း ဗိုလ်နဂါးဆီမှာပဲရှိတဲ့အပြင် ရောက်ရှိစာရင်း၊ ထိန်းသိမ်းမှု၊ ဖြန့်ဝေတပ်ဆင်မှုတွေကို ရုံးအဖွဲ့ကလည်း စာရင်းအချက် အလက်ပြုစုထားလို့ လက်နက်ကဲ့ထားတယ်ဆိုတာကလည်း မှားယွင်းတဲ့ပြောကြားချက်လို့ဆိုပါတယ်။ ဒါ့အပြင် MRDA ခေါင်းဆောင်တစ်ဦးအနေနဲ့ အလုပ်များပြားတာ မှန်ကန်ပေမဲ့လည်း မြေပြင်စခန်းတွေကို ဗိုလ်နဂါးက ၇ ရက်ပြည့်အောင်မနေဘူးတာကြောင့် ပစ္စည်းသိမ်းဆည်းသိုလှောင်ထားမှုကို ကောင်းကောင်းမသိတဲ့အပြင် PDF တွေရဲ့ သစ္စာရှိမှု၊ ယုံကြည်မှုကို စော်ကားခဲ့တယ်လို့လည်း ဗိုလ်နဂါးရဲ့လက်အောက်ခံအဖြစ်ကထွက်သွားတဲ့ ယင်းမာပင်တပ်ရင်းလေးခုရဲ့ထုတ်ပြန်ချက်မှာ ဖွင့်ချထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *