October 18, 2024

၁‌၇.၉.၂၀၂၃

Written By Thandar

‌ပြည်တွင်းပြည်ပ ပရိသတ်တွေရဲ့အသည်းကျော် မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန်က မွေးနေ့အမှတ်တရအနေနဲ့ ကိုယ့်မိဘတွေရဲ့ အသက်အရွယ်ကလည်း ကိုယ်နဲ့အတူ တဖြေးဖြေး အိုမင်းလာတာပါလို့ ဆိုပါတယ်။

သူဟာ ဒီနေ့ စက်တင်ဘာ ၁၇ ရက်ကျရောက်တဲ့ အသက် ၂၇ နှစ်ပြည့်မွေးနေ့လေးမှာ အခုလို မိဘနှစ်ပါးအတွက် ဆုမွန်ကောင်းတောင်းပေးထားလည်းဖြစ်ပါတယ်။

“ဒီနေ့က ကျနော့်ရဲ့ အသက် ၂၇ နှစ်ပြည့် မွေးနေ့ပါ။ ငယ်တုန်းက သတိမထားမိတဲ့ အရာတွေကို ဒီနှစ်တွေမှာ သိပ်သတိထားမိလာတယ်။ ဒါကဘာလဲဆိုတော့ ကိုယ့် မိဘတွေရဲ့ အသက်အရွယ်ကလည်း ကိုယ်နဲ့အတူ တဖြေးတဖြေး အိုမင်းလာတာကိုပါ။ ကျနော့်ရဲ့ မွေးနေ့ဆုတောင်းက သားသမီးတိုင်း အချိန်တွေ မလွန်ခင်မှာ ကိုယ့်ရဲ့ မိဘတွေကို ပို သတိထားပြီး ပြုစုစောင့်ရှောက်နိုင်ကြပါစေလို့ ဆုတောင်းရင်း ကျွန်တော့် ပရိတ်သတ်တွေ အမြဲတမ်း ကျန်းမာ ပျော်ရွှင်ကြပါစေ”လို့ သရုပ်ဆောင် ပိုင်တံခွန်က ပြောပါတယ်။

This image has an empty alt attribute; its file name is 374460339_122103749288040280_198170643932529639_n.jpg

ပိုင်တံခွန်ဟာ လက်ရှိမှာ ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်း ၊ က‌မ္ဘောဒီးယားနိုင်ငံတွေနဲ့အတူ အနုပညာပိုင်း လှုပ်ရှားတွေ လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။

သူက ကမ္ဘောဒီးယားနိုင်ငံမှာ “7th ညကျိန်စာ” ဇာတ်ကားသစ် တစ်ကားရိုက်ကူးထားပြီး ခဏတာရိုက်ကူးရေးတွေမှာ နွေးထွေးစွာကူညီဂရုစိုက်ပေးတဲ့အတွက် အမြဲအမှတ်တရဖြစ်နေလို့ ဆိုပါတယ်။

This image has an empty alt attribute; its file name is 376505531_122103749330040280_5287855790360790533_n.jpg

” 𝑯𝒂𝒑𝒑𝒚 𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚 𝑴𝒆’ 𝑳𝒐𝒏𝒆 လုပ်ကိုင်သမျှ ကြံစည်သမျှ အောင်မြင်ဖြစ်ထွန်းပြီး မိဘအပေါ် ဒီထက်မက လုပ်ကျွေးပြုစုနိုင်ပါစေ။ ငါ့ကိုလည်း စိတ်ကင်ဆာများများပေးနိုင်ပါစေ”လို့ အစ်မဖြစ်သူ မေ့ချစ်သွေးက ဆုမွန်တောင်းထားကြပါတယ်။

အနုပညာမောင်နှမတွေ နဲ့ ချစ်ပရိသတ်တွေကလည်း ပိုင်တံခွန်အတွက် မွေးနေ့ဆု‌မွန်ကောင်းတွေ တောင်းပေးနေကြတာလည်းဖြစ်ပါတယ်။

‌”အစ်ကိုမွေးနေ့မှာပျော်ရွှင်ပါစေ အားလုံးလည်းကောင်းကျိုးလိုရာ ဆန္ဒပြည့်ပါစေလို့ ” ကမ္ဘောဒီးယားက မော်ဒယ်လ်သရုပ်ဆောင် Hok Sarytola က ဆုမွန်တောင်းပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *