October 18, 2024

၁၇. ၉. ၂၀၂၃

Written By Thandar

Beauty with a Purpose ရည်ရွယ်ချက်နဲ့ လူမှုအကျိုးပြု ပရဟိတအလုပ်တွေအတွက် ရွေးချယ်မယ့် Miss World 2023 ပြိုင်ပွဲကြီးမှာ ပါ၀င်ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲဝင်အလှမယ်တွေကို Organization က မိတ်ဆက်ပေးခဲ့ပါတယ်။

Miss World Myanmar 2023 ပြိုင်ပွဲဝင် အလှမယ်တွေရဲ့ Press Conference ကို စက်တင်ဘာ ၁၇ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပုလဲလမ်းရှိ Real Fitness မှာ ကျင်းပခဲ့ပါတယ်။

This image has an empty alt attribute; its file name is 374462370_122103994832040280_7532411896899064967_n.jpg

“Miss World ပြိုင်ပွဲက Swimsuit Round မပါပါဘူး။ Beauty with a purpose ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအမျိုးသမီးလေးသည် သူရဲ့ လူ့ပတ်၀န်းကျင်ကို ဘယ်လောက်ထိ ဆွဲခေါ်ပေးနိုင်လဲ။ ဘယ်လောက်ထိ အကျိုးပြုပေးနိုင်လဲဆိုတဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးကို မြှင့်တင်ပေးနိုင်တဲ့ စိတ်ကို ရည်ရွယ်တာပါ။ နိုင်ငံတကာပြိုင်ပွဲမှာလည်း Project ကို အဓိက လုပ်ရတာပါ”လို့ Miss World Myanmar Organization ရဲ့ Organizer မအိမွန်ခိုင်က ပြောပါတယ်။

အဆိုပါ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် အသက်၁၈ နှစ်ကနေ အသက်၂၇ နှစ်ကြား မြန်မာအမျိုးသမီးငယ်လေး အလှမယ် ၁၅ ယောက်ကို မိတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။ Miss World Myanmar 2023 Final Coronation ကို လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။

This image has an empty alt attribute; its file name is 376789446_122103994862040280_678136174294445961_n.jpg

Miss World စင်မြင့်ထက်မှာ Miss World Myanmar အနေနဲ့ ၂၀၁၄ ခုနှစ်က အလှမယ် ဝိုင်းလေး ၊ ၂၀၁၅ ခုနှစ်က အလှမယ် ခင်ရတနာသိန်းမြင့် ၊ ၂၀၁၆ ခုနှစ်က အလှမယ် မြတ်သီရိလွင် (Bella) ၊ ၂၀၁၇ ခုနှစ်က အလှမယ် အိကျော့ခိုင် ၊ ၂၀၁ ၈ခုနှစ်က အလှမယ် ဟန်တီ၊ ၂၀၁၉ ခုနှစ်က ခေတ်လင်းလတ်ယွန်းတို့ ယှဉ်ပြိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

Miss World Myanmar 2023 Winner ရရှိတဲ့ အလှမယ်ဟာ အိန္ဒိယနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မယ့် ၇၁ ကြိမ်မြောက် Miss World 2023 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *