October 19, 2024

၁၉. ၉. ၂၀၂၃
Written by Naing Thuta

အမရပူရမြို့နယ်တွင် သတ်မှတ်ထားသည့် အရည်အသွေးနှင့်ကိုက်ညီမှုမရှိသော စားသုံးဆီများရောင်းချနေသည့် ကုန်စုံဆိုင်နှစ်ဆိုင်အား ခေတ္တယာယီချိပ်ပိတ်လိုက်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၁၈ ရက်နေ့)က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ နယ်မြေ (၅/က) ရပ်ရှိ နန်းရတနာစျေးမှ “နန်းရွှေရည်” ကုန်စုံဆိုင်နှင့် အိုးတော်ရပ်ကွက်၊ သိမ်ကြီးရပ်(ဒေသအခေါ်)၊ သိမ်ကြီးစျေး၊ ရုံအမှတ်(E) ဆိုင်ခန်းအမှတ်(၂)ရှိ “မိတ်ကောင်း” ကုန်စုံဆိုင်တို့မှ မြေပဲဆီသန့် ၁ ပိဿာစီအား နမူနာယူ၍ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးနှင့်သားသတ်ဌာနမှ တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ဆီများမှာ သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းကုန်စုံဆိုင်နှစ်ဆိုင်အား ခေတ္တယာယီချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

အဆိုပါနှစ်ဆိုင်ကဲ့သို့ မန္တလေးမြို့တွင်းရှိ မြို့နယ်များရှိ အခြားကုန်စုံဆိုင်များတွင်လည်း စစ်ဆေးမှုများထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *