October 19, 2024

၁၉. ၉. ၂၀၂၃
Translated by Htwe Ko Tun

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း ချင်းဂန် ဇူလိုင်လအတွင်း ရာထူးကထုတ်ပယ်ခံခဲ့ရမှုမှာ သူဟာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလက အိမ်ထောင်ရှိပါလျက်ဖောက်ပြန်ခဲ့မှုကြောင့်ဖြစ်တယ်လို့ Wall Street Journal (WSJ) က စက်တင်ဘာ ၁၉ ရက်မှာ ရေးသားဖော်ပြခဲ့တယ်။

WSJ သတင်းအရ အဆိုပါကိစ္စမှာ ချင်းဂန်ရဲ့ ခုလိုနောက်အိမ်ထောင်တစ်ခုပြုခဲ့မှုက တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးမှုကို ချင်းဂန်ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆက်လက်ဖော်ပြခဲ့ပါတယ်။

ချင်းဂန်ဟာ ဒီလိုကာမပိုင်ရှိပါလျက်နဲ့ ဖောက်ပြန်ခဲ့မှုကိစ္စကို အမေရိကန်ပြည်ထောင်စုဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလက ကျူးလွန်မိခဲ့တာဖြစ်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ စစ်ဆေးမှုတွေအရ တွေ့ရတယ်လို့ဆိုပါတယ်။ ချင်းဂန်ဟာ နှစ်ဝက်ခန့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ပြီးနောက် တစ်လခန့် အများပြည်သူရှေ့မှောက်ကပျောက်ကွယ်နေခဲ့ကာ ဇူလိုင်လမှာတော့ သူ့နေရာကို ယခင်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဝမ်ယိကို ပြန်လည်အစားထိုးတာဝန်ပေးခဲ့တာပါပဲ။

ချင်းဂန်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လကစတင်ပြီး အမေရိကန်ပြည်ထောင်စုဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး အဖြစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ဝါရှင်တန်မြို့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နောက်ထပ် သ တင်းအရင်းအမြစ်နှစ်ခုကလည်း ချင်းဂန်ဟာ နောက် အိမ်ထောင်နဲ့ ကလေးတစ်ဦးရခဲ့တယ်လို့ ဆိုပါတယ်။WSJ ရဲ့အဆိုပါကိစ္စနဲ့ပတ်သက်လို့ မေးမြန်းချက်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်ကောင်စီတို့ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားမှုမရှိဘူးလို့လည်းသိရပါတယ်။

Ref——CNA

Leave a Reply

Your email address will not be published. Required fields are marked *