October 19, 2024

၁၉. ၉. ၂၀၂၃
Written by Min Mahar

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ဆိုင်ကယ်နှစ်စီး အခိုးခံရမှု သံဖြူဇရပ်မြို့နယ် တရားရုံးတွင် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ၎င်းတရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၁၈ ရက်)က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မြို့နယ်တရားရုံးတွင် သက်သေခံသိမ်းဆည်းထားသော ဆိုင်ကယ်နှစ်စီး ပျောက်ဆုံးနေကြောင်း ရုံးစောင့်အမျိုးသားမှ သိရှိပြီး မြို့နယ်တရားသူကြီးထံ သတင်းပေးပို့ခဲ့ရာ မြို့နယ်တရားသူကြီးမှ လာရောက်ကြည့်ရှုစစ်ဆေးသည့်အခါ ၎င်းပျောက်ဆုံးသွားသော ဆိုင်ကယ်နှစ်စီးမှာ ပြည်သူ့ဘဏ္ဍာအဖြစ်  အမိန့်ချမှတ်ထားသည့် ဆိုင်ကယ်များဖြစ်နေကြောင်း သိရသည်။

အဆိုပါဆိုင်ကယ်များအား ခိုးယူသွားသူကို သံဖြူဇရပ်မြို့မရဲစခန်းမှ (ပ)၈၁/၂၀၂၃၊ ၁၉၄၇ ခုနှစ်၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ-၆(၁)ဖြင့် အမှုဖွင့်ထားပြီး သူခိုးအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စုံစမ်းနေကြကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦး ပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *