October 18, 2024

၁၉. ၉. ၂၀၂၃
Written by Nay Moe

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးနှင့် ငါန်းဇွန်မြို့နယ်များတွင် PDF များသ-တ်ဖြတ်မှုကြောင့် စက်တင်ဘာ ၁၇ ရက်နေ့က လူ ၆ ဦးသေဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

ဖြစ်စဥ်များမှာ စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာအနီး၌ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စက်တင်ဘာလ ၁၆ ရက် ည ၁၀ နာရီအချိန်တွင် အဆိုပါကျေးရွာရှိ “ကုဋေစု”ထမင်းဆိုင်သို့ PDF အဖွဲ့ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး ထမင်းဆိုင်ပိုင်ရှင်ဖြစ်သူ ဦးသိန်းဇော်(၄၉)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်သဲနုငယ်(၄၈)နှစ်၊ ဆိုင်အလုပ်သမားများဖြစ်ကြသည့် ဦးခင်မောင်ချင်း(၄၃)နှစ်နှင့် ဒေါ်လွင်လွင်ဌေး(၄၂)နှစ်တို့ ၄ ဦးအား ဖမ်းဆီးခေါ်ဆောင်၍ ငွေတောင်ကျေးရွာအနီး၌ ဦးသိန်းဇော်အားလည်းကောင်း၊ ညောင်ဝန်းကျေးရွာအနီး၌ ဦးခင်မောင်ချင်းပါ ၃ ဦး တို့အားလည်းကောင်း သ-တ်ဖြတ်သွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများအသီးသီးရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်တွင် သ-တ်ဖြတ်ခံရသူ ၄ ဦးမှာ USDP ဝန်းရံထောက်ခံသူများဖြစ်သဖြင့် PDF များက သ-တ်ဖြတ်ခြင်းဖြစ်သည်ဟုလည်း NUG ထောက်ခံသူများက ရေးသားဖော်ပြမှုရှိသည်ကို တွေ့မြင်ရသည်။

အလားတူ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကိုကျော်မင်းဦး(၂၉)နှစ်နှင့် ဦးမျိုးနိုင်(၄၉)နှစ်တို့ ၂ ဦးသည် ကျေးရွာအရှေ့ဘက် ၄ ဖာလုံခန့်အကွာရှိ တောအတွင်း၌ ထင်းခုတ်နေစဉ် PDF အဖွဲ့ဝင် ၈ ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သ-တ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ ၂ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

NUG နှင့် PDF တို့၏ နွေဦးတော်လှန်ရေးစတင်သည့် ၃ နှစ်မပြည့်မီကာလအတွင်း ရဟန်းသံဃာ၊ ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူကလေးသူငယ်၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကျေးဝန်ထမ်းများအပါအဝင် NLD ပါတီဝင်မဟုတ်သောသူ ၆၃၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးသူ”ဆိုသည့် စွပ်စွဲချက်များဖြင့် သ-တ်ဖြတ်လုယက်ခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *