October 19, 2024

၁၉. ၉. ၂၀၂၃
Written by Min Mahar

မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာဆိုင်းဘုတ်အနီးတွင် ဆိုင်ကယ်ဖြင့်စျေးဝယ်သွားသော အမျိုးသားတစ်ဦးကို လူ ၆ ဦးက သေနတ်ဖြင့် ပစ်သ-တ်သွားမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၁၉ ရက်)မနက် ၉ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာဆိုင်းဘုတ်အနီးတွင် အသက် ၅၃ နှစ်အရွယ်အမျိုးသားတစ်ဦးသည် Dream 110 အနက်ရောင်ဆိုင်ကယ်ဖြင့် ရွှေဘုံသာကျေးရွာမှ တစ်ဦးတည်းဆိုင်ကယ်စီးနင်း၍ နဘူးအိုင်ကျေးရွာသို့ ဈေးဝယ်ရန်လာစဉ် နဘူးအိုင်ကျေးရွာဆိုင်းဘုတ်အနီးအရောက်တွင် အမည်မသိ အမျိုးသား ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် ၎င်း၏ အနောက်မှလိုက်ပါလာပြီး သေနတ်ဖြင့်ပစ်ခတ်၍ မြို့သာကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-19_13-52-18.jpg

အဆိုပါအသ-တ်ခံရသူသည် မြင်းခြံမြို့နယ်၊ ရွှေဘုံသာကျေးရွာတွင် တောင်သူအလုပ်ကို လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းသည် ​သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ယာနားထင်ကို ကျည်ဖောက်ဝင်သွားကာ ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ယာဘက်လက်မောင်းဖောက်ဝင်ဒဏ်ရာ ၂ ချက်တို့ဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသဖြင့် အလောင်းအား ၁၀ နာရီ ၅၀ မိနစ်တွင် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *