October 19, 2024

တပ်စခန်းများ၊ ဝန်ကြီးဌာနများကို ပစ်မှတ်ထားသော်လည်း ဟိုတယ်များ၊ စူပါမားကတ်များ စသည့် အရပ်သားသွားလာမှုများသည့်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ချိန် ထိခိုက်နိုင်ကြောင်း ဖော်ပြ

၁၉. ၉. ၂၀၂၃
Translated by Tha Doe

မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ် ၉ ခုကို ဗြိတိန်နိုင်ငံသားတွေ ခရီးသွားလာမှု လုံး၀မပြုလုပ်ဖို့ဗြိတိန်အစိုးရရဲ့ The Foreign, Commonwealth and Development Office (FCDO) က သတိပေးချက် ထပ်မံ ထုတ်ပြန်ထားပါတယ်။

FCDO ရဲ့ တားမြစ်ချက်မှာဆိုရင် မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား၊ ကရင်၊ စစ်ကိုင်းနဲ့ မကွေး၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်နဲ့ တနင်္သာရီတိုင်းတောင်ပိုင်းဒေသတွေကို လုံးဝခရီးမသွားဖို့ အကြံပြုထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတောင်ပိုင်း၊ စစ်တွေခရိုင်အပါအဝင် ရခိုင်ပြည်နယ် အလယ်ပိုင်း ဒေသတွေကို မလိုအပ်ဘဲ ခရီးမသွားကြဖိုနဲ့ လိုအပ်လို့သွားရမယ်ဆိုရင် ကြိုတင် ပြင်ဆင်သွားရောက်နိုင်ဖို့ အကြံပြု သတိပေးထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေဟာ ကြိုတင်မှန်းဆ၍မရဘဲ အချိန်မရွး ပြောင်းလဲနိုင်ပြီး မြန်မာနိုင်ငံတစ်ဝန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက် ပိုင်းကစ ပစ်ခတ်မှုတွေနဲ့ တိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုတွေ သိသိသာသာ ဖြစ်ပွားမှုမြင့်တက်လာနေပါတယ်။ တိုက်ခိုက်မှုတွေမှာ ရန်ကုန်နဲ့ နေပြည်တော်အပါအဝင် အဓိကအားဖြင့် အစိုးရ အဆောက်အအုံတွေနဲ့ စစ်ဆေးရေးဂိတ်လိုနေရာတွေ တပ် ဒါမှမဟုတ် ဝန်ကြီးဌာနတွေနဲ့ တပ်မတော်ပိုင်းစီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့နေရာတွေကို ဆက်လက်ပစ်မှတ်ထားနေတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ဒီလိုတိုက်ခိုက်မှုတွေမှာ နိုင်ငံခြားခရီးသွားတွေသွားလာမှုများတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ စူပါမားကတ်တွေ၊ အခြားဝန်ဆောင်မှုပေးတဲ့နေရာတွေ စတဲ့နေရာတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ချိန်မှာလည်း ထိခိုက်နိုင်ခြေရှိတယ်လို့လည်း FCDO က သတိပြုမိဖို့ အကြံပြုထားပြီး NUG နဲ့ PDF တွေဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုရှိနေတာကိုလည်း ကမ္ဘာလှည့်ဗြိတိန်နိုင်ငံသားတွေ သတိပြုမိဖို့ ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ခရီးမသွားခင်မှာ ခရီးသွားအာမခံရဖို့၊ FCDO ရဲ့နိုင်ငံခြားခရီးသွားလာမှုဆိုင်ရာ လမ်းညွှန်ချက်ကို သတိပြုမိဖို့နဲ့ မြန်မာနိုင်ငံရဲ့ ပြည်ဝင်ခွင့်လိုအပ်ချက်တွေ စစ်ဆေးဖို့လည်း FCDO က အကြံပြုထားပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ မြေမြှုပ်မိုင်းနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားမှာ ပဋိပက္ခတွေနဲ့ သိသာထင်ရှားတဲ့ အကြမ်းဖက်မှုတွေ ရှိနေပါတယ်။ မြို့ပြအများစုမှာ ပုံမှန်နေ့စဥ်ဘဝ ပြန်လည်စတင်နေတာကို NUG၊ PDF၊ ပကဖ၊ LPDF၊ EAOs စတဲ့လက်နက်ကိုင်တွေက တိုက်ခိုက်ဖို့ကြိုးစားနေပါတယ်။ နိုင်ငံရေးတင်းမာမှုတွေ တိုးပွားလာချိန်တွေမှာ ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အရာရှိတွေ စစ်တပ်နဲ့ ဆက်နွှယ်တယ်လို့ ယူဆရတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ရပ်ကျေးရုံးတွေ၊ ရဲစခန်းတွေ၊ ယာဥ်ထိန်းရုံးတွေနဲ့ လျှပ်စစ်ရုံးတွေကိုလည်း တိုက်ခိုက်မှုရှိနေတယ်လို့ သတိပေးထားပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားတွေလာတတ်တဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ စူပါမားကတ်တွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်မှုရှိနေတာကိုလည်း အထူးသတိပေးခဲ့ပါတယ်။ အလားတူအစီရင်ခံစာတွေအရ ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ ရန်ကုန်-မန္တလေး လမ်းဟောင်းတွေမှာလည်း တိုက်ခိုက်မှုတွေ တိုးလာတယ်လို့လည်း အကြံပြု သတိပေးချက်မှာ ရေးသားထားတာ တွေ့ရပါတယ်။

ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီနဲ့ ရခိုင်တောင်ပိုင်းမှာဆိုရင် သတိရှိရှိနေထိုင်ပြီး ဒေသခံတွေရဲ့ အကြံဥာဏ်ရယူဖို့ အထူးသဖြင့် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေ ခရီးသွားတဲ့အခါ ဒေသဆိုင်ရာ စည်းမျဉ်းတွေ စံနှုန်းတွေနဲ့ ကန့်သတ်ချက်တွေကို သိရှိနားလည်ဖို့ ခရီးမသွားမီ ဒေသတွင်း ခရီးသွားလုပ်ငန်းရှင်တွေထံက အကြံဉာဏ်ရယူဖို့ စစ်အုပ်ချုပ်ရေးမြို့နယ်တွေကို ကြိုတင်သိရှိထားဖို့ ဂျာနယ်လစ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ပိုအန္တရာယ်ရှိတာသတိပြုဖို့ ရာဇဝတ်မှုစီရင်ထုံးတချို့က နိုင်ငံတကာစံနှုန်းတွေထက် နိမ့်ကျနေပြီး အသေးအမွှားပြစ်မှုနဲ့ ဖမ်းဆီးခံရနိုင်တာသိဖို့ မြန်မာအာဏာပိုင်တွေဟာ လွတ်လပ်တဲ့သတင်းတင်ဆက်မှုတွေ၊ စာနယ်ဇင်းဆိုင်ရာလှုပ်ရှားမှုတွေကို အထူးသတိထားနေတာသိဖို့အပြင် အကြမ်းဖက်သမားတွေဟာ မြန်မာနိုင်ငံတွင်းမှာ တိုက်ခိုက်မှုတွေ အချိန်မရွေးလုပ်နိုင်လို့ ဒေသအာဏာပိုင်တွေရဲ့ အကြံပြုချက်လိုက်နာဖို့လည်း FCDO က သတိပေးချက်မှာ ဖော်ပြခဲ့ပါတယ်။

Ref, FCDO

Leave a Reply

Your email address will not be published. Required fields are marked *