October 22, 2024

မီးသတ်တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်နေမှုမြင်ကွင်းနှင့် နံနက် ၉ နာရီ ၄၅ မိနစ်အထိ မီးသတ်ဦးစီးဌာန ရှင်းလင်းနေဆဲမြင်ကွင်းများကို တွေ့ရစဥ် Photo- MFSD & Tha Doe

၈. ၁၁. ၂၀၂၂

Written by Thettant

စမ်းချောင်းမြိုနယ် မြေနီကုန်းတောင်ရပ်ကွက်ရှိ ပန်းခြံတာဝါတွင် ယနေ့နံနက် ၆ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွား၍ တစ်နာရီကျော် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီ ၅၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြိုနယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ ဓမ္မစေတီလမ်းနှင့် ဗားကရာလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့သည်။ နံနက် ၇ နာရီ ၅ မိနစ်တွင် မီးသတ်ယာဥ်များ ရောက်ရှိပြီး ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၈ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

“ကားပါကင် Basement မှာ ဝါယာရှော့ခ်ကနေ မီးလောင်တာပါ” ဟု မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် ပန်းခြံတာဝါနေသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် တာဝါအတွင်းရှိ မီးခိုးငွေ့များ ကုန်စေရန် လုပ်ဆောင်ခြင်းနှင့် မီးကြွင်းများ ရှင်းလင်းစေရန် မီးသတ်ဦးစီးဌာနက နံနက် ၉ နာရီ ၄၅ မိနစ်အချိန်အထိ ဆောင်ရွက်နေဆဲသာဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *