October 15, 2024

၁၆.၉.၂၀၂၃

Translated by Htwe Ko Tun

နိုင်ဂျားနိုင်ငံတွင် ဩဂုတ်လအတွင်းက အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်အစိုးရက ပြင်သစ်သံအမတ်အား ဩဂုတ်လ ၃၁ ရက်တွင် နိုင်ငံမှထွက်ခွာရန်အမိန့်ထုတ်ခဲ့သော်လည်း ပြင်သစ်သံအမတ် ဆီလ်ဗိန်း အစ်တီက အမိန့်ကိုဖီဆန်ကာ နိုင်ဂျာနိုင်ငံတွင် ဆက်လက်နေထိုင်လျက်ရှိရာ ၎င်းနှင့် အခြားပြင်သစ်သံတမန်များကို ယခုအခါ ပြင်သစ်သံရုံးတွင် ဓားစာခံများအဖြစ်ထိန်းသိမ်းခြင်းခံထားရကြောင်း ပြင်သစ်သမ္မတ အီမာနျူရယ်လ် မက်ခရွန်က စက်တင်ဘာ ၁၅ ရက်တွင်ပြောခဲ့သည်။

မက်ခရွန်က သတင်းထောက်များနှင့်တွေ့ဆုံရာတွင် နိုင်ဂျားနိုင်ငံမြို့တော်၊ နီယာမီးရှိ ပြင်သစ်သံရုံးသို့ ပြင်သစ် သံတမန်များအတွက် အစားအစာများပေးပို့မှုကိုတားဆီးထားကြောင်းနှင့် သံအမတ်အနေဖြင့် စစ်တပ်ခွဲတမ်းများအတိုင်းသာ စားသုံးနေရသည်ဟု သိရကြောင်း ပြောခဲ့သည်။

ဆီလ်ဗိန်း အစ်တီမှာ သံရုံးအပြင်ဘက်သို့သွား၍မရကြောင်း၊ ၎င်းအားပုဂ္ဂိုလ်ရေးအရ အသိအမှတ် ပြုခြင်း မရှိကြောင်းနှင့်၎င်းတို့အတွက်ပေးပို့သော အစားအစာများကိုပင် ငြင်းဆန်ခြင်းခံခဲ့ရကြောင်း မက်ခရွန်က ပြောခဲ့သည်ဟုလည်း သိရသည်။

၎င်းအား နိုင်ဂျားနိုင်ငံ၏ စစ်အစိုးရက နိုင်ငံမှထွက်ခွာရန်အမိန့်ထုတ်ခဲ့ရာတွင် မက်ခရွန်က ပြင်သစ်အနေနှင့် ဖြုတ်ချအာဏာသိမ်းခံရသော သမ္မတဟောင်းဘာဇွန်ကိုသာ နိုင်ဂျားနိုင်ငံ၏ခေါင်းဆောင်အဖြစ် သဘောတူ၍ ပြင်သစ်သံအမတ်အနေနှင့် ဆက်လက်ရှိနေမည်ဟုပြောခဲ့သည့်နောက် ယခုကဲ့သို့ ထိန်းသိမ်းခံရခြင်းဖြစ်သည်။

Ref-CNN

Leave a Reply

Your email address will not be published. Required fields are marked *