October 19, 2024

၁၈. ၉. ၂၀၂၃
Written by Zaw Moe

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ ဧရာဝတီမြစ်အတွင်း၌ တရားမဝင် ရွှေတူးဖော်လျက်ရှိသော ရွှေဖောင်များ၊ စက်များ၊ လှေများအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အစီအမံဖြင့် ပေါင်းစပ်ညှိနှိုင်း၍ စတင်ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁၆ ရက်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ရွှေပေါ်ကျွန်းအနီး သဘာဝပတ်ဝန်းကျင် ပျက်စီးစေသော မည်သည့် တရားမဝင်သတ္ထုတူးဖော်မှု၊ ရွှေကျင်မှုများကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်း၍ ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့ပြီးနောက် ယနေ့တွင် အဆိုပါလုပ်ငန်းစဉ်များ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း SAC မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နှင့် ကပ်လျက်ရှိသော ဒေသအခေါ် ရွှေပေါ်ကျွန်းအနီး ငါးဘက်ဝရွာနှင့် သင်္ဘောအင်းရွာများ၌ ရွှေကျင်သည့် စက်လှေကြီးများဖြင့် တရားမဝင်ရွှေကျင်မှုများ ဆောက်ရွက်လျက်ရှိသည်။

ယင်းကဲ့သို့ ဆောင်ရွက်နေမှုများကို ယခင်ကလည်း ဗန်းမော်/ရွှေကူဖက်တွင် မြစ်အတွင်းတရားမဝင်ရွှေကျင်မှုများကို စက်လှေ၊ စက်များ၊ ဖောင်များကိုဖမ်းဆီးခြင်း၊ဖျက်ဆီးခြင်းဖြင့် အရေးယူဆောင်ရွက်မှုများဆောင်ရွက်ခဲ့ကြောင်း SAC မှ ထုတ်ပြန်ထားသည်။

ဒေသတွင်းရှိ KIA, PDF များမှ ဆက်ကြေးကောက်ယူ၍ ဆောင်ရွက်ခွင့်ပြုသည်ဟုလည်းသိရှိရကြောင်း၊ အစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးစေသော မည်သည့် တရားမဝင်သတ္ထုတူးဖော်မှု၊ ရွှေကျင်မှုကိုမှ ခွင့်ပြုပေးခြင်း၊ ငွေကြေးကောက်ခံခြင်းမရှိကြောင်းနှင့် လက်ရှိတွင် ထိုတရားမဝင်ရွှေကျင်မှုများကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများနှင့်ဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်း၍ ရှင်းလင်းနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *