October 15, 2024

၁၇. ၉. ၂၀၂၃

Written by Thettant

အရှိန်မထိန်းနိုင်တဲ့ Hijet ယာဥ်တစ်စီးဟာ လမ်းဘေးထနောင်းပင်ကို ဝင်တိုက်မိရာက ယာဥ်ပေါ်ပါလာသူ တစ်ဦးသေဆုံးခဲ့မှု ဒီနေ့မနက်ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့မနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပြူကန်ရွာလမ်းခွဲအကျော်နားမှာဖြစ်ပွားခဲ့တာဖြစ်ပြီး Hijet (အဖြူရောင်ယာဉ်)ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက ထနောင်းပင်ကို ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဥ်ပေါ်ပါအမျိုးသားတစ်ဦးသေဆုံးခဲ့တာပါ။

အဲဒီလို Hijet ယာဥ်က ထနောင်းပင်ဝင်တိုက်တယ်လို့ သတင်းရရှိတာကြောင့် တံတားဦးမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရရှာတဲ့ အမျိုးသားကိုတော့ အနှိုင်းမဲ့ပါရမီလူမှုကူညီရေးအသင်း သူနာတင်ယာဉ်နဲ့ တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *