October 15, 2024

၁၇. ၉. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံသည် ကမ္ဘာတဝှမ်းရှိ နိုင်ငံများအနက် အကောင်းဆုံးနိုင်ငံများစာရင်း “Best countries” တွင် အဆင့် ၈၀ နေရာ ရပ်တည်လျက်ရှိနေကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အခြေစိုက် US News & World Report သတင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါအမေရိကန်သတင်းဌာနသည် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၈၇ နိုင်ငံကို လေ့လာသုံးသပ်ပြီးနောက် ကမ္ဘာအကောင်းဆုံးနိုင်ငံများစာရင်းကို အဆင့်သတ်မှတ်ဖော်ပြခဲ့ရာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၈၀တွင် ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့အတူ မြန်မာနိုင်ငံ၏ ရပ်တည်မှုသည် အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် အောက်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။

အမေရိကန်သတင်းဌာနသည် စွန့်စားမှု၊ သွက်လက်မှု၊ ယဉ်ကျေးမှု လွှမ်းမိုးမှု၊ စွန့်ဦးတီထွင်မှု၊ ရှေးဟောင်းအမွေအနှစ်၊ ရွှေ့ပြောင်းမှု၊ စီးပွားရေး လုပ်ကိုင်မှုလွတ်လပ်ပွင့်လင်းခြင်း၊ ဘဝအရည်အသွေးနှင့် လူမှုရေး ရည်ရွယ်ချက် စသည့်အချက်များကို အခြေခံပြီး ကမ္ဘာ့အဆင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး နိုင်ငံများစာရင်းအဆင့်သတ်မှတ်ချက်တွင် ရမှတ်ပေါင်း ၄ ဒသမ ၉ မှတ်သာရရှိခဲ့သည်။၂၀၂၃ခုနှစ်အတွက် အာဆီယံဒေသရှိ အကောင်းဆုံးနိုင်ငံများစာရင်းတွင် စင်ကာပူနိုင်ငံက ထိပ်ဆုံး၌ ဦးဆောင်နေပြီး ထိုင်းနိုင်ငံက ဒုတိယနေရာတွင်ရပ်တည်နေကြောင်းသိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးနိုင်ငံများစာရင်း၌ အောက်ဆုံး ၁၀ နိုင်ငံထဲတွင် ပါဝင်နေခဲ့ပြီး အီရန်နိုင်ငံက အဆင့်အနိမ့်ဆုံးဖြစ်သော ၈၇ တွင်ရပ်တည်လျက်ရှိနေကြောင်းသိရသည်။

US News & World Report သတင်းဌာန၏ထုတ်ပြန်သော ၂၀၂၃ ခုနှစ်အတွက် ကမ္ဘ့ာအကောင်းဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ၏ ရပ်တည်မှုအဆင့်သည် ပြီးခဲ့သောနှစ်ထက် ကျဆင်းသွားခဲ့ပြီး၂၀၂၂ ခုနှစ်၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၇၆ နေရာရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး နိုင်ငံများစာရင်းတွင် ဆွတ်ဇာလန်၊ ကနေဒါ၊ ဆွီဒင်၊ သြစတြေးလျ၊ အမေရိကန်၊ ဂျပန်၊ နယူးဇီလန်နှင့်ဂျာမနီနိုင်ငံတို့က ထိပ်ဆုံး အဆင့် ၁၀အတွင်း ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။ အောက်ဆုံးအဆင့် ၁၀ နိုင်ငံတွင်မူ အီရန်၊ ဘီလာရုစ့်၊ လက်ဘနွန်၊ ဥဇဘက်ကစ္စတန်၊ ဆားဘီးယား၊ ဟွန်းဒူးရက်စ်၊ မြန်မာ၊ အယ်လ်ဂျီးရီးယား၊ ကင်မရွန်းတို့ ရှိနေကြောင်း သိရသည်။

Ref; .US News & World

Leave a Reply

Your email address will not be published. Required fields are marked *