October 15, 2024

Photo Credit

၁၇. ၉. ၂၀၂၃

Written by Nay Moe

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာအုပ်စု မြင်သားကုန်းရွာမှာ လက်နက်ကြီးကျည်ကျရောက်တာကြောင့် အနည်းဆုံး ပြည်သူ ၃ ဦးအထက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ကျရောက်မှုဖြစ်စဥ်က မနေ့ည စက်တင်ဘာ ၁၆ ရက် ည ၇ နာရီလောက်မှာဖြစ်ခဲ့တာဖြစ်ပြီး ရွာထဲက အိမ်သုံးလုံးအပေါ်ကို လက်နက်ကြီးကျည်ကျတာကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ကလေးငယ်တွေအပါအဝင် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ဒီအထဲမှာ ၃ ဦးက စိုးရိမ်ဒဏ်ရာရခဲ့တယ်လို့သိရပြီး နှစ်ဦးထပ်မံကွယ်လွန်တယ်လို့လည်း သိရပေမဲ့လည်း ဒေသခံပြည်သူတွေကထွက်ပြေးနေရတာကြောင့် ထပ်မံသေဆုံးမှု ရှိ မရှိကိုတော့ အတည်မပြုနိုင်ပါဘူး။

This image has an empty alt attribute; its file name is 379797664_607231478249590_7504381221034193280_n.jpg

ဂန့်ဂေါနယ်ဘက်ဟာ PDF အဖွဲ့တွေများစွာရှိသလို ပြည်သူ့စစ်ရွာတွေလည်း အများအပြားရှိပြီး PDF ရွာတွေနဲ့ ပြည်သူ့စစ်ရွာတွေကြားလည်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏဖြစ်နေတဲ့ဒေသပါ။ အဲဒီဘက်မှာ မြင်သားရွာအုပ်စုဟာ PDF တွေအခြေစိုက်စခန်းလည်းရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာလမှာလည်း မြင်သားရွာကို စစ််ကြောင်းထိုးချိန် PDF ၁၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *