October 15, 2024

၁၇. ၉. ၂၀၂၃

Written by Tha Doe

ကျောင်းသို့သွားစဥ် လည်-လှီးသ-တ်ဖြ-တ်ခံရသည့် ဆရာမအတွက် အမှုမှန်ဖော်ထုတ်၍ တရားခံဖမ်းဆီးပေးရန် ရခိုင်ပြည်လုံးဆိုင်ရာ ပညာရေးကွန်ရက်က ယနေ့ တောင်းဆိုလိုက်သည်။

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ကျွန်းပေါ် ပေါက်တောကျေးရွာနေ ဦးကျော်ညွန့်ဦး၏ သမီး နှင်းယု (ခေါ်) ဒေါ် နှင်းယုနွယ် အသက် ၃၅ နှစ်မှာ အလယ်တန်းပြ ဆရာမတစ်ယောက်ဖြစ်ပြီး မိမိရွာမှ အနီးနားရှိ ပန်းဖော်ပြင် ကျေးရွာသို့ ကျောင်းတက်ရန် သွားရောက်စဉ် စက်တင်ဘာ ၁၆ ရက်နေ့က လည်-လှီး-သ-တ်ဖြ-တ်ခံရကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် သတင်းပျံနှံ့လျှက်ရှိနေပါသည်။ ဤဖြစ်ရပ်ကြောင့် ရခိုင်ပြည်လုံးဆိုင်ရာ ပညာရေးကွန်ရက်အနေ ဖြင့် မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်ဟု ဖော်ပြသည်။

ပညာရေးသည် တိုင်းပြည်တစ်ပြည်၏ အဓိက အသက်သွေးကြောဖြစ်ပြီး တိုင်းပြည်တည်ဆောက်သည့် နေရာတွင် ပညာရည်ထူးချွန်ထက်မြတ်သော ပြည်သူ/သားများ လိုအပ်နေသည်။ ကျောင်းဆရာ/မ များမှာ တိုင်းပြည်၏ အနာဂတ်ကြယ်ပွင့်လေးများကို မွေးထုတ်ပေးသူများ ဖြစ်သည့်အတွက် အလွန်တရာ တန်ဖိုး ထားအပ်သူများပင် ဖြစ်ပေသည်။ ယခု လုပ်ကြံ-သ-တ်ဖြတ်ခံရပြီး သေဆုံးသွားသူမှာလည်း ကျောင်းဆရာမတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သေဆုံးမှုနှင့် ပတ်သက်ပြီး အုပ်ချုပ်သူများတွင် တာဝန်ရှိပြီး အမှန်တရား ပေါ်ပေါက်၍ တရားခံ ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်သင့်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြတောင်းဆိုသည်။

ထို့အတူ ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောကျေးရွာမှ ကျောင်းဆရာမတစ်ဦး လုပ်ကြံ သ-တ်ဖြ-တ် သေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်လုံးဆိုင်ရာ ပညာရေးကွန်ရက်မှ ၎င်းလုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချလိုက်သည်ဟုလည်း ရခိုင်ပြည်လုံးဆိုင်ရာပညာရေးကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဥ်အပေါ် MT News သတင်းဌာနက ကနဦးသတင်းဖော်ပြထားပြီး အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *