October 15, 2024

◾ထိခိုက်မှုမရှိသော်လည်း တိုက်ခိုက်သည့် NMD PDF အဖွဲ့က တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရဟု ပြော

၁၇. ၉. ၂၀၂၃

Written by Nay Moe

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ မြဝတီဘဏ်ကို No More Dictatorship People Defence Force အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး အဲဒီ တိုက်ခိုက်မှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူးလို့ စုံစမ်းသိရပေမဲ့လည်း တိုက်ခိုက်တဲ့ NMD PDF အဖွဲ့ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်နဲ့ ပြောလာပါတယ်။

ဖြစ်စဥ်က စက်တင်ဘာ ၁၆ရက် နေ့လယ် ၁ နာရီ၀န်းကျင်မှာ ချမ်းအေးသာစံမြို့နယ် ၈၁ လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြားမှာ တပ်စွဲထားတဲ့ မြဝတီဘဏ်ကို No More Dictatorship People Defence Force _ NMD အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုကတော့ ငွေကြေး ဖောင်းပွမှုဖြစ်စေတဲ့ ကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမဲ့ နကစရဲ့ အစီအစဉ်ကို အနှောင့်အယှက်ပေးဖို့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ NMD က ပြောပါတယ်။ ဖောက်ခွဲမှုပြီးတဲ့နောက် လုံခြုံရေး ယူပေးနေတဲ့ လခရတွေကို လူနာတင်ယဥ်နဲ့ ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ အတည်ပြုနိုင်ပြီး တာဝန်ရှိသူတွေလာရောက်စစ်ဆေးခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်နဲ့ ပြောလာတာပါ။

This image has an empty alt attribute; its file name is 379671435_607260604913344_5881512281864239826_n.jpg

MT News သတင်းဌာနရဲ့ စုံစမ်းချက်အရ NMD PDF အဖွဲ့က ဗုံးနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်တဲ့ဖြစ်စဥ်မှန်ပေမဲ့ လူထိခိုက်မှုမရှိဘဲ အဆောက်အအုံနေရာအချို့သာ ဗုံးစထိမှန်ပျက်စီးမှုဖြစ်ခဲ့တာလို့ သိရပါတယ်။

NMD PDF အဖွဲ့ဟာ အမျိုးသမီးတွေအများစုပါဝင်တဲ့ PDF အဖွဲ့တစ်ခုဖြစ်ပြီး မန္တလေးမြို့ပေါ်မှာကို ဒီလပိုင်းအတွင်း ဖောက်ခွဲမှု လေးကြိမ်ထက်မနည်း တိုက်ခိုက်မှုပြုထားတဲ့ မန္တလေးအခြေစိုက် UG PDF အဖွဲ့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *