October 19, 2024

၁၈. ၉. ၂၀၂၃
Written by Nay Moe

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးရွာ၏ ရွာဦးကျောင်း ကျောင်းထိုင်ဆရာတော်ဖြစ်သည့် ဦးကုမာရ(သက်တော် ၇၃ နှစ်၊ ဝါတော် ၅၃)နှစ်အား PDF အဖွဲ့က စက်တင်ဘာ ၁၇ ရက် ည ၁၁ နာရီခန့်အချိန်က ဝင်ရောက်ဖမ်းဆီးပြီးနောက် ဆင်ချောင်းဆည်အနီး၌ ဦးခေါင်းဖြတ် သ-တ်ဖြတ်ခဲ့မှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု သတင်းများ ပျံ့နှံ့နေမှုတွင် ဆရာတော်သ-တ်ဖြတ်ခံရသည့်ဖြစ်စဉ်မှာ မှန်ကန်ကြောင်း MT News သတင်းဌာနက အတည်ပြု သိရှိရသည်။

“ဆရာတော်ဖြစ်သွားတာကတော့ မှန်ပါတယ်။ ဖြစ်စဉ်အသေးစိတ်ကတော့ မသိရသေးဘူး”ဟု ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ကိုင်းမကြီးရွာသည် ပြီးခဲ့သော ဩဂုတ် ၂၆ ရက်ကလည်း စစ်ကြောင်းထိုးမှုများအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၈၀ ခန့် မီးသင့်ခဲ့ကာ အသက် ၆၀ ခန့် မသန်စွမ်းအမျိုးသားကြီးတစ်ဦး သေဆုံးခဲ့မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။ PDF များက သံဃာတော်များကို မကြာခဏဖမ်းဆီးသ-တ်ဖြတ်မှု ဖြစ်ပွားနေခြင်းကြောင့် သံဃာသ-တ်ဖြတ်ခံရမှုအများဆုံးတိုင်းများဖြစ်သော စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့ရှိ PDF များ ကြီးစိုးရာနေရာများတွင် သံဃာတော်အများစုမှာ သီတင်းသုံးမှုမရှိတော့သော်လည်း အဆိုပါ ကိုင်းမကြီးရွာဦးကျောင်းမှာမူ ရှေးဟောင်းဘုန်းကြီးကျောင်းကြီးဖြစ်သဖြင့် ရှေးဟောင်းဆင်းတုတော်များ၊ ပေစာများကို ဆရာတော်က ထိန်းသိမ်းစောင့်ရှောက်ရန် သီတင်းသုံးနေထိုင်နေစဉ် ထိုသို့ သ-တ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။ ဆရာတော်၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိချိန်တွင် လည်ပင်းနှင့် ရင်ညွန့်နေရာအချို့တွင် ပြတ်ရှဒဏ်ရာများစွာဖြင့် ပျံလွန်တော်မူနေသည်ဟုလည်း သိရသည်။

NUG နှင့် PDF တို့၏ နွေဦးတော်လှန်ရေးစတင်ချိန်မှ နှစ်နှစ်ကျော်ကာလအတွင်း NLD, CRPH နှင့် NUG, PDF တို့အား ထောက်ခံမှုမရှိသည့် သံဃာများစွာ သ-တ်ဖြတ်ခံထားရပြီး ယနေ့အထိ သံဃာ ၈၅ ပါးခန့် သ-တ်ဖြတ်ခံထားရသလို နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ NLD ပါတီဝင်မဟုတ်သော အခြားပါတီဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ၆၃၀၀ အထက်မှာလည်း “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်စေသူ” ဆိုသော စွပ်စွဲချက်များဖြင့် သ-တ်ဖြတ်ခံထားရသည်။

MT News သတင်းဌာနအနေဖြင့် အဆိုပါဖြစ်စဉ်ကို ဆက်လက်အတည်ပြုစုံစမ်းနေပြီး အသေးစိတ်သိရှိရသည်များကို ထပ်မံဖော်ပြပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *