October 18, 2024

၁၇. ၉. ၂၀၂၃

Written by Nay Aung

ယူနန်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များသည် မြန်မာရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကာ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသူများ၊ လူကုန်ကူးသူများအား ဖြိုခွင်းမှုများဆက်လက်လုပ်ဆောင်နေပြီး စက်တင်ဘာ ၁၆ ရက်နေ့တွင် အွန်လိုင်းလိမ်လည်မှုသံသယရှိသူတရုတ်နိုင်ငံသား ၁၀၉ ဦးကို ပြန်လည်လွှဲပြောင်းယူခဲ့ကြောင်း တရုတ်နိုင်ငံအခြေစိုက် China Central Television News သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ လွှဲပြောင်းယူခဲ့သော သံသယရှိသူ ၁၀၉ ဦးထဲတွင် အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများ၊ ရာဇဝတ်မှုများကျူးလွန်ခြင်းကြောင့် တရားခံပြေးဖြစ်နေသူ ၁၁ ဦးပါဝင်ခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြထားသည်။တရုတ်ရဲတပ်ဖွဲ့သည် ယခုလအတွင်း အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုကျူးလွန်နေသူ ၊ ရာဇဝတ်မှုများကျူးလွန်နေသူအဖြစ်သံသယရှိသူ ၁၄၈၂ ဦးကို မြန်မာနိုင်ငံထံမှ ပြန်လည်လွှဲပြောင်းရယူခဲ့ကြောင်းသိရသည်။

This image has an empty alt attribute; its file name is 378140056_607323741573697_4642961576501529477_n.jpg

တရုတ် ပြည်သူလုံခြုံရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သောနှစ်ပိုင်းအတွင်း တရုတ်နိုင်ငံကိုအခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသည့် ဂိုဏ်းများကို အရှိန်မြင့်ဖြိုခွင်းခဲ့ရာ အဆိုပါ ရာဇဝတ်ဂိုဏ်းများသည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ ရွှေ့ပြောင်းသွားခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် စက်တင်ဘာ ၈ ရက်နေ့က မြန်မာနိုင်ငံမြောက်ပိုင်းတွင် အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများ၊ ရာဇဝတ်မှုကျူးလွန်နေသူများအဖြစ် သံသယရှိသူ ၁၂၀၇ ဦးကို လွှဲပြောင်းပေးခဲ့သလို စက်တင်ဘာ ၃ ရက်နေ့ကလည်း အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများ၊ရာဇဝတ်မှုများကျူးလွန်နေသည့် ဂိုဏ်း ၁၁ ခုကို တရုတ်ရဲတပ်ဖွဲ့ နှင့် ပူးပေါင်းဖြိုခွင်းပြီး သံသယရှိသူ ၂၆၉ ဦးကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *