October 18, 2024

၁၇. ၉. ၂၀၂၃

Written by Peya

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ဓမ္မရာဇကဘုရားကို ယနေ့ မိုးကြိုးခ ခဲ့သော်လည်း ပျက်စီးမှု ကြီးကြီးမားမား မရှိခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ယနေ့ ညနေပိုင်း ၃ နာရီ ၄၅ မိနစ် အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ​ပြောသည်။

“ပျက်စီးမှုက ကြီးကြီးမားမား မရှိပါဘူး။ ဗူးဘုရားလို ပေါက်တာ ပြဲတာတောင် မရှိဘူး။ အပေါ် ရွှေချထားတာ တွေမှာ လျှပ်စီးရိုက်ပြီး ညိုသွားတာပဲ ရှိတာပါ” ဟု ဦးကျော်မျိုးဝင်းက ရှင်းပြသည်။

အဆိုပါ ဘုရားတွင် ယခင်ကလည်း မိုးကြိုးလွှဲမရှိကြောင်း၊ ကြီးကြီးမားမား ထိခိုက်မှု မရှိသည့်အပြင် ရှေးဟောင်း အဆောက်အအုံ ထိခိုက်မှုလည်း မရှိသည့် အတွက် ဌာနအနေဖြင့် ပြင်ဆင်မည် မဟုတ်ဘဲ ဂေါပက အဖွဲ့က မူလအလှူရှင်ကို ဆက်သွယ်ကာ ရွှေပြန်ချမည်ဟု ပြောကြောင်းလည်း ၎င်းက ဆိုသည်။

“ရှေးဟောင်းအဆောက်အအုံ ဆိုင်ရာတော့ ပျက်စီးတာ မရှိဘူး။ ဗူးဘုရားတုန်းကမှ ပေါက်သွားတာ ရှိတာ” ဟု ဦးကျော်မျိုးဝင်းက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *