၁၇. ၉. ၂၀၂၃
Written by Naing Thuta
မန္တလးမြို့တွင် ယနေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ဘေးရှိ မြေထိန်းနံရံပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၁၇ ရက်) ညနေ ၅ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊ ကမ်းနားလမ်း၊ ဧရာဝတီမြစ်ဘေးတွင် ဖွင့်လှစ်ထားရှိသော ယမုံလှိုင် စားသောက်ဆိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံပြိုကျကာ မြစ်ရေတိုက်စားမှုများဖြစ်ပြီး ရေစီးဝင်ခဲ့သဖြင့် ၎င်းဆိုင်ရှိ အခင်းသံမံတလင်း အက်ကြောင်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါအက်ကြောင်းမှတစ်ဆင့် မြေထိန်းနံရံ အလျား ၁၅ ပေခန့် ပြိုကျပျက်စီးခဲ့သောကြောင့် သက်ဆိုင်ရာအဖွဲ့များမှ ရောက်လာကြပြီး လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။