October 18, 2024

၁၈. ၉. ၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှုရရှိထားတဲ့ အလှမယ် သရုပ်ဆောင် မေဘရဏီသော်ကတော့ ဘယ်သူမဆို ဥစ္စာပေါ ရုပ်ချော အလိမ္မာ အိမ်ပါတာ ဖြစ်ချင်ကြပေမဲ့ မေသော်က အချစ်ရေးနဲ့ ပတ်သက်ရင် နည်းနည်း သူရဲဘောကြောင်တဲ့ အထဲမှာပါတယ်လို့ဆိုပါတယ်။

“မေသော့်အတွက် Single Is The Best ပါပဲ။ စျေးဗန်းခင်းတာတော့ မဟုတ်ပါဘူး။ ထင်နေကြဦးမယ် မေသော် စျေးဗန်းမခင်းပါဘူး။ ဘာလို့လည်းဆိုတော့ ပျော်ပျော်နေတတ်တယ်။ လွတ်လွတ်လပ်လပ် နေတတ်တယ်။ မေသော်က အချစ်ရေးနဲ့ ပတ်သက်ရင် Pressure များတဲ့အထဲမှာ မပါဘူးနော်။ ဒါကြောင့်လဲ ပိုလှနေတာ နေမှာပေါ့။ Single က ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ပဲ လိုတယ်။ RS တစ်ခုဖြစ်လာရင် မျှပြီးချစ်ရတော့မယ်။ မေသော်က တစ်ခုခုဆိုရင် အရမ်းလေးလေးနက်နက် တွေးတယ်။ အချစ်ရေးရော အိမ်ထောင်ရေးမှာဆိုလည်း တွေးတယ်။ အချစ်ရေးမှာလည်း တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ရှိရမယ်။ အိမ်ထောင်ပြုရင်လည်း ဒီလိုပဲ တာဝန်ယူမှု တာဝန်ခံမှု ဆိုတာရှိရမယ်။ အနည်းနဲ့ အများပဲ ကွာတယ်။ ဒီတာဝန်ယူမှုကို လုပ်နိုင်ပြီးလားဆိုရင် မေသော်ကတော့ No ပါ။ လက်ရှိ ကိုယ့်ကိုယ်ကိုယ် ချစ်နေတဲ့ ဇုန်ထဲမှာပဲ မထွက်နိုင်သေးဘူး။ ဘယ်သူမဆို ဥစ္စာပေါ ရုပ်ချော အလိမ္မာ အိမ်ပါ တာ ဖြစ်ချင်ကြတာပေါ့။ မေသော်က အချစ်ရေးနဲ့ ပတ်သက်ရင် နည်းနည်း သူရဲဘောကြောင်တဲ့အထဲမှာ ပါတယ်။ ချစ်သူထားကြတဲ့သူတွေလို သတ္တိရှိတဲ့အထဲမှာ မပါဘူး”လို့ သရုပ်ဆောင် မေဘရဏီသော်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-18_13-47-10-686x1024.jpg

သူမက လက်ရှိ တစ်ယောက်ထဲ နေထိုင်ရတာ သဘောကျ ကျေနပ်သလို အိမ်မှာနေရင်း စာအုပ်တွေဖတ်ပြီး ခရီးတွေ ပျော်ပျော်ပါးပါး ထွက်နေချင်သေးတယ်လို့ဆိုပါတယ်။ လက်ရှိ မိသားစု စီးပွားရေးတွေ လုပ်ကိုင်နေလျှက်ရှိတယ်လို့ဆိုပါတယ်။ အလှမယ် မေဘရဏီသော်ကတော့ ပြည်ထောင်စုသစ္စာ ၊ အော်ဂျက် ၊ အခမ်းနားဆုံးမေတ္တာ စတဲ့ ရုပ်ရှင်ဇာတ်ကားတွေအပြင် ဇာတ်လမ်းတွဲတချို့လည်း ရိုက်ကူးထားသူလည်း ဖြစ်ပါတယ်။

“လုပ်ငန်းရှင် တချို့ Propose လုပ်ပေမယ့် ဒီနေ့ ဖုန်းဆက်ရင် နောက်နေ့ Block လိုက်တယ်။ မေသော်က တစ်ယောက်ထဲ ပျော်ပျော်ပါးပါး နေရတာ ကြိုက်လို့ ငြင်းခဲ့ပါတယ်။ မေသော့်အနေနဲ့ လက်ရှိ Single အနေနဲ့ နေချင်သေးတယ်။ ကိုယ့်ကိုယ်ကိုယ် လွတ်လွတ်လပ်လပ်နေချင်တယ်။ မေသော့်ကို ချစ်တဲ့သူကတော့ တအား ခက်ခဲမယ်ထင်တယ်။ အားလည်းနာတယ်။ အဓိက တစ်ဖက်သားကို အားလည်းနာတယ် ” လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *