October 18, 2024

၁၈. ၉. ၂၀၂၃
Translated by Htwe Ko Tun

မလေးရှားနိုင်ငံ၊ ဆာဘားပြည်နယ်မြို့တော်ဖြစ်တဲ့ ကိုတာ ကင်နာဘာလူမြို့အတွင်းပါဝင်တဲ့ ဂါယာကျွန်းပေါ်က ရေပေါ်ရွာလေးတစ်ရွာမှာ သဘာဝပတ်ဝန်းကျင်အား သန့်ရှင်းစွာထိန်းသိမ်းနိုင်မှုအတွက် ကြက်သားနဲ့ ပလပ်စတစ်အမှိုက်တွေကို လဲလှယ်ပေးတဲ့အစီအစဉ်တစ်ရပ်ကို စက်တင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

ဒီအစီအစဉ်ကို မလေးရှားပြည်သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းအတွင်း သဘာဝပတ်ဝန်းကျင်သန့်ရှင်းမှုကို ထိန်းသိမ်းလိုစိတ်တိုးမြင့်လာဖို့ရည်ရွယ်ပြီး ကိုတာ ကင်နာဘာလူမြို့ ရှိ Shangri-la Tanjung Aru အပန်းဖြေစခန်းက ဦးစီးဆောင်ရွက်ခဲ့တာပါ။

This image has an empty alt attribute; its file name is photo_2023-09-18_11-44-16.jpg

အပန်းဖြေစခန်း ဥက္ကဋ္ဌ အက်ဒဝပ် ဒါဂူလ်က “ဒီ ရွာကလေးမှာလိုပဲ ကျွန်တော်တို့အပန်းဖြေစခန်းအနေနဲ့ အမှိုက်သရိုက်ပြဿနာကို ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့စခန်းရော၊ ဒီရေပေါ်ရွာလေးပါ ပင်လယ်နဲ့နီးတော့ သမုဒ္ဒရာရေပြင်ညစ်ညမ်းလာမှုက ကျွန်တော်တို့အပေါ် အများကြီးသက်ရောက်မှုရှိတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင်သူက “’ဒီလိုပတ်ဝန်းကျင်ညစ်ညမ်းမှုက ဆာဘားပြည်နယ်အတွင်း ကမ္ဘာလှည့် ခရီး သွားလုပ်ငန်းကိုပါ ထိခိုက်လာတယ်” လို့ပြောခဲ့ပါသေးတယ်။

စက်တင်ဘာလ ၁၇ ရက် နံနက် ၈ နာရီခွဲမှာစခဲ့တဲ့ အဲဒီအစီအစဉ်အရ ရေပေါ်ရွာရဲ့ ရွာသူရွာသားတွေက ပလပ်စတစ်အမှိုက်တွေကို ရွာအတွင်းပတ်ဝန်းကျင်မှာ လိုက်လံကောက် ယူကြပြီး ပလပ်စတစ်အမှိုက်ထုပ်တစ်ထုပ်ကို ကြက်သားထုပ်တစ်ထုပ်နဲ့ အပန်းဖြေစခန်းက လဲပေးနေတာတွေ့ရပါတယ်။ အစီအစဉ်မှာ ရွာနေ မိသားစု ၄၀၀ ကျော်က ပါဝင်ခဲ့ကြပြီး ကြက်သား ၃ ဒသမ ၆ တန်ကိုလည်း ပလပ်စတစ်အမှိုက်တွေအတွက် ပြန်လည်လဲလှယ်ပေးခဲ့ပါတယ်။

Ref—– Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *