October 23, 2024

သေနတ်၊ လက်ပစ်ဗုံး၊ မူးယစ်ဆေးဝါးများနှင့် ဖမ်းမိသူလူငယ်လေးဦးအား တွေ့ရစဥ်

၇. ၁၁. ၂၀၂၂

Written by Thettant

သေနတ်၊ လက်ပစ်ဗုံးနှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ လူငယ်လေးဦးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ နို၀င်ဘာ ၇ ရက်တွင် သိရသည်။

ဖြစ်စဥ်မှာ နို၀င်ဘာ ၅ ရက် ည ၉ နာရီခန့်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ မြို့ရှောင်လမ်းရှိ ဧည့်ရိပ်မွန် ၀င်းအတွင်း စိုင်းဆိုင်လှိင်း(ခ)အားဝေ မောင်းနှင်ပြီး နော်ဒင်နှင့် မျိုးဒန်အောင်တို့လိုက်ပါလာသည့် ALPHARD အမျိုးအစား မော်တော်ယာဉ်နှင့် စိုင်းကျော်ဦး မောင်းနှင်ပြီး စိုင်းအိုက်လူး လိုက်ပါလာသည့် CROWN အမျိုးအစား မော်တော်ယာဉ်တို့အား စစ်ဆေးရှာဖွေရာ ALPHARD မော်တော်ယာဉ်ပေါ်မှ ကက်တမင်းအလေးချိန် ၁ ကီလို(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၅၀)၊ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၉ တောင့်၊ ကျည်အိမ် ၁ ခု၊ M 22 သေနတ် ၂ လက်၊ ၎င်းကျည် ၁၂၀ တောင့်၊ ကျည်အိမ် ၆ ခု၊ လက်ပစ်ဗုံး ၂ လုံးနှင့် လက်ကိုင်ဖုန်း ၅ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးမိသူများကို ဆက်လက်စစ်ဆေးရာ ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် စိုင်းဆိုင်လှိင်း(ခ)အားဝေ(၂၆)နှစ်၊ နော်ဒင်(၃၁)နှစ်၊ မျိုးဒန်အောင်(၁၉)နှစ်၊ စိုင်းကျော်ဦး(၂၂)နှစ်နှင့် စိုင်းအိုက်လူး (၂၆)နှစ်တို့အား မူဆယ်မြိုမရဲစခန်းတွင် ကနဦး၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *