October 18, 2024

၁၈. ၉. ၂၀၂၃
Written By Yu Mon

မကြာခင်ရက်ပိုင်းက အလှမယ်ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ Miss Universe Myanmar 2023 ပြိုင်ပွဲမှာ 4th Runner Up ဆုရရှိထားတဲ့ အလှမယ်နိုနိုမေက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတွေ ရှိခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ တက်လာတာလည်း ဖြစ်ပါတယ်။

ယခင် ဇနီးဖြစ်ခဲ့သူနဲ့ ကွာရှင်းပြီးမှ အလှမယ် နိုနိုမေနဲ့ ကြိုက်ခဲ့တယ်လို့လည်း ခင်ပွန်းဖြစ်သူ ကိုဂျွန်ဦးက ရှင်းပြလာပါတယ်။ သူမက အသက် ၂၀ အရွယ်ပဲ ရှိပေမယ့်လည်း အိမ်ထောင် နှစ်ဆက်ရှိခဲ့တယ်လို့ ယခင် ဇနီးဖြစ်သူ မဧကရီဝင်းက ပြောဆိုလာတဲ့အပြင် Miss Universe Myanmar 2023 ရဲ့ Top 10 စာရင်းပါ မဝင်သင့်တဲ့သူ 4th Runner Up ဆု ရရှိထားပေမယ့်လည်း သူက မယားငယ်ဖြစ်တယ်လို့လည်း စွပ်စွဲခံနေသူလည်း ဖြစ်ပါတယ်။ နိုနိုမေ က ပုသိမ်ကိုယ်စားပြု အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။

“သူဆုရတဲ့အပေါ် မကျေနပ်မနာလိုဖြစ်နေတာ မဟုတ်ပါဘူး၊ သူ့ပြောတဲ့ စကားတွေနဲ့ လုပ်ရပ်က မညီဘူးလို့ထင်တယ်။အစ်မ အမျိုးသားဟောင်းနဲ့ ပေါင်းသင်းနေထိုင်နေတယ်။ သူက Single လည်း မဟုတ်ဘူး။ အပျိုလည်း မဟုတ်ဘူး။ ယောက်ျားနှစ်ယောက်ရဖူးတယ်။ ဒီအတွက် သူ့က Miss Universe Myanmar 2023 ရဲ့ Top 10 စာရင်းပါ မဝင်သင့်သူပါ။ စိတ်ဓာတ်လည်း မကောင်းဘူး။ ဖခင်နဲ့ သားသမီးတွေကို တွေ့ဖို့အတွက်လည်း အမျိုးမျိုးကြားက ဆက်သွယ်မှုတွေ ဖြတ်တောက်ထားတယ်” လို့ နော်ဝေးနေထိုင်သူ မဧကရီစိုးက ပရိသတ်သိအောင် ပြောလာပါတယ်။

အဆိုပါ ကိုဂျွန်ဦးကတော့ လက်ရှိမှာ နိုနိုမေအပေါ်မှာ ဖခင်တစ်ယောက်လို့ အစ်ကိုတစ်ယောက်လိုသာ ဘေးက ထောက်ပံ့ပေးနေသူလည်း ဖြစ်တယ်လို့ဆိုပါတယ်။ နော်ဝေးနိုင်ငံမှာ မဧကရီဝင်းက Nursing အလုပ် လုပ်ကိုင်ရင်း သားသမီး ၃ ယောက်နဲ့ အတူ နေထိုင်နေတယ်လို့ လည်း သိရပါတယ်။

“ကျွန်တော်နဲ့ နိုနိုမေကို အရင်က ပတ်သက်ခဲ့ဖူးကြပါတယ်။ ခုတော့ မဟုတ်တော့ပါဘူး။ အခုချိန်မှာ မိသားစုဝင်တစ်ယောက်လိုပဲ ဘေးကနေ ကူပေးဖြစ်နေပါတယ်။ ကျွန်တော်နဲ့ ပတ်သက်ပြီး ကျွန်တော့် ဇနီးဟောင်းဖြစ်သူ ဧကရီဝင်းက လုပ်ကြံလိမ်လည်မူတွေကို မီဒီယာကတစ်ဆင့် နော်ဝေးက ပြောဆိုခဲ့ပါတယ်။ သူရဲ့ ပြောဆိုမှုတွေကို သူမကိုယ်တိုင်တာဝန်ယူဖြေရှင်းရမှာဖြစ်ပါတယ်။ အဖြစ်မှန်ကို ကျွန်တော်ကိုယ်တိုင် ပြန်လည်ဖြေရှင်းပါတယ်။ နစ်နာသူကို ထိခိုက်နစ်နာစေသောအကြောင်းအရာနဲ့ ဂုဏ်သိက္ခာပိုင်းကိုပါ ထိပါးစော်ကားလာလို့ သက်သေအထောက်အထားနဲ့ တကွပြန်လည်ဖြေရှင်းပါတယ်”လို့ ကိုဂျွန်ဦးက အားလုံးသိအောင်ဖြေရှင်းလာပါတယ်။

လက်ရှိမှာ မဧကရီဝင်းပြောဆိုနေတဲ့ မယားကြီး၊ မယားငယ်ဖြစ်စဥ်တွေအပေါ် No No May အကောင့်မှာတော့ ကိုဂျွန်ဦးရှင်းပြတာတွေ သေချာနားထောင်ပေးပါလို့ တောင်းဆိုမျှဝေထားသလို မဧကရီဝင်း အင်တာဗျုးဖြေနေတာကို မျှဝေပြီးတော့လည်း “ဘားမှမပြောချင်တော့ပါဘူး….အချိန်ကဆုံးဖြတ်ပေးသွားမှာပါ….” လို့ No No May က ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *