October 14, 2024

၁၅.၉.၂၀၂၃

Translated by Htwe Ko Tun

ထိုင်းနိုင်ငံအစိုးရက နိုင်ငံအတွင်း တရုတ်ကမ္ဘာလှည့်ခရီးသွားများ ပို၍ဝင်ရောက်လာရန်နှင့် ထိုင်းကမ္ဘာ လှည့်ခရီးသွားကဏ္ဍကို တိုးတက်လာစေရန်အတွက် တရုတ်ခရီးသွားများအား ပြည်ဝင်ခွင့်ကင်းလွတ်ခွင့် ပြုခဲ့ခြင်းအပေါ် ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ သံရုံးက ထိုင်းအစိုးရရဲ့ တရုတ်ခရီးသွားတို့အပေါ်ထားရှိသော မူဝါဒကြောင့် တရုတ်အစိုးရကဝမ်းမြောက်မိပါကြောင်းနဲ့ ထိုအစီအစဉ်ကို အထောက်အကူပေးသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ လူမှုကွန်ရက်ဖော်ပြချက်မှာ တရုတ်ခရီးသွားတွေအနေနဲ့ ထိုင်းနိုင်ငံအတွင်းရောက်ရှိစဉ် ဘေးကင်းလုံခြုံရေးအတွက် အာမခံဖို့ ထိုင်းအစိုးရရဲ့လိုအပ်ချက်ကို ဖိအား‌ပေး ပြောကြားခဲ့ပါတယ်။

ထိုင်းအစိုးရက ကမ္ဘာလှည့်ခရီးသွားကဏ္ဍတိုးတက်လာစေဖို့အတွက် တရုတ်နဲ့ ကာဇက်စတန် နိုင်ငံသားခရီးသွားတွေကို စက်တင်ဘာ ၂၅ ရက်ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်အထိ ဗီဇာကင်းလွတ်ခွင့်ပြုတယ် လို့ စက်တင်ဘာ ၁၃ ရက်မှာ ကြေညာခဲ့ပါတယ်။ ထိုင်းအစိုးရက ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား ၂၈ သန်း လာရောက်ဖို့မျှော်လင့်ထားကာ တရုတ် ခရီးသွား ငါးသန်းပါဝင်မှာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is 378044342_606131361692935_1923145052274984602_n.jpg

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုင်းနိုင်ငံရောက် တရုတ်ခရီးသွားများအတွက် လုံခြုံမှုအစီအစဉ်များတိုးမြှင့်ဆောင်ရွက်ပေးဖို့ ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ရန် စက်တင်ဘာ ၁၄ ရက်မှာ ပြောခဲ့ပါတယ်။တရုတ်ခရီးသွားအချို့ ထိုင်းနိုင်ငံအတွင်း လှည့်ဖြား ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ သတင်းများကြောင့် တရုတ်ခရီးသွားများအနေနဲ့ ထိုင်းနိုင်ငံကိုလာရောက်ရန်စိုးရိမ်မှုများရှိနေခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ ပထမရှစ်လအတွင်း ထိုင်းနိုင်ငံကို တရုတ်ခရီးသွားနှစ်သန်းခန့်နဲ့ ကာဇက်စတန်ခရီးသွား တစ်သိန်းခန့် လာရောက်လည်ပတ်ခဲ့ကြတယ်လို့သိရပါတယ်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *