October 15, 2024

၁၅. ၉. ၂၀၂၃

Written by Nyein Kyaw

စက်တင်ဘာ ၁၁ ရက်က ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁,၉၂၇ ဒေါ်လာရှိခဲ့ရာမှ ယနေ့တွင် တစ်‌အောင်စကို ၁,၉၁၉ ဒေါ်လာသို့ ကျဆင်းလာခဲ့သည့်အပြင် ဒေါ်လာဈေးသည် တစ်ဒေါ်လာ ကျပ် ၃,၅၀၀ အောက်ကျဆင်းလာခဲ့သဖြင့် ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၅၇၀,၀၀၀ သို့ ကျဆင်းခဲ့သည်။

ကျပ် ၃၄ သိန်းဝန်းကျင်သို့ ကျဆင်းထားသည့် ပြည်တွင်းရွှေဈေး ဒေါ်လာဈေးနှုန်း ပြန်လည်တက်ရိပ်ပြလာသည့်အတွက် စက်တင်ဘာလ ၁၁ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၆ သိန်းကျော်သို့ ပြန်လည်မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးကျဆင်းလာခြင်းနှင့် ဒေါ်လာဈေးအနည်းငယ် တည်ငြိမှုများကြောင့် ယခုရက်ပိုင်း ပြည်တွင်းရွှေဈေး ၃၆ သိန်းအောက်သို့ ပြန်လည်ကျဆင်းလာပြီး ဈေးနှုန်းအကျဘက် ပြန်ဦးတည်လာခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် စက်တင်ဘာလ ၁၁ ရက်တွင် ရွှေဈေးနှုန်း ၃,၆၂၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၉၀ ကျပ်၊ စက်တင်ဘာလ ၁၂ ရက်တွင် ရွှေဈေးနှုန်း ၃,၆၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၇၀ ကျပ်၊ စက်တင်ဘာလ ၁၃ ရက်တွင် ရွှေဈေးနှုန်း ၃,၅၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၇၀ ကျပ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ရွှေဈေးနှုန်း ၃,၅၈၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၂၀ ကျပ်နှင့် ယနေ့တွင် ရွှေစျေးနှုန်း ကျပ် ၃,၅၇၀,၀၀၀ နှင့် ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃၄၈၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *