October 15, 2024

၁၅. ၉. ၂၀၂၃

Written by Thettant

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျောက်မြောင်းဈေးကားမှတ်တိုင်အနီးမှာ ဒီနေ့ စက်တင်ဘာ ၁၅ ရက်၊ နေ့လည် ၂ နာရီဝန်းကျင်က အမျိုးသမီးငယ်တစ်ဦးကို ဓားနဲ့ထိုးပြီး ဆွဲကြိုးဖြတ်လုပြေးတဲ့ အမျိုးသားတစ်ဦးကို ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးတဲ့ မြင်ကွင်းပါ။

လုယက်သူအမျိုးသားဟာ စက်ဘီးနဲ့လာရောက်ပြီး ဓားကိုင်ဆောင်ထားသူဖြစ်သလို အမျိုးသမီးငယ်ကိုလည်း ဓားနဲ့ထိုးလုယက်တာကြောင့် ဘယ်လက်ပြတ်ရှဒဏ်ရာရခဲ့သလို ဆွဲကြိုးကလည်း အပိုင်းသုံးပိုင်း ပြတ်ထွက်သွားပြီး နှစ်ပိုင်းပဲ ကနဦးပြန်လည်ရရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ပြတ်ထွက်သွားတဲ့ ဆွဲကြိုးတစ်ပိုင်းကို ကောက်ရတဲ့လူငယ်တစ်ဦးက ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီးငယ်ကို ဓားနဲ့ထိုး ဆွဲကြိုးလုယက်သူကိုတော့ တာမွေမြို့မရဲစခန်းကို ပြည်သူတွေက သွားရောက်အပ်နှံခဲ့တယ်လို့လည်း ကနဦး သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *