October 14, 2024

၁၅. ၉. ၂၀၂၃

Written by Nyein Kyaw

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီးစီးခဲ့သည့် ၂၀ ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံ (20th AACC) သို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား SAC ဥက္ကဋ္ဌက ယနေ့တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာ့တပ်မတော်(လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မြန်မာ-ထိုင်းတပ်မတော် နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (HLC)နှင့် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်း (RBC) ကို နှစ်စဉ်ဆောင်ရွက်မှုအခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

၂၀ ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံ (20th AACC) အား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် စက်တင်ဘာလ ၁၃ ရက်တွင် လက်ခံကျင်းပခဲ့ပြီး ဘရူနိုင်း၊ ကမ္ဘောဒီယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များ တက်ရောက်ခဲ့ကာ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတိုမှ လေတပ်ဦးစီးချုပ်များက Video Message ပေးပို့၍ ပါဝင်ဆွေးနွေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *