October 14, 2024

၁၆. ၉. ၂၀၂၃
Written by Nay Moe

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့အနောက်ဘက် အဝင်ဂိတ်ကို ပုဂံပြည်ဘီလူးတပ်အပါအဝင် PDF လေးဖွဲ့က ဝင်ရောက်တိုက်ခိုက်ချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သလို ပြည်သူ့စစ်တစ်ဦးလည်း သေဆုံးခဲ့တယ်လို့ Bagan Orge Force – ပုဂံပြည် ဘီဘူးတပ်ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုဂံပြည်ဘီလူးတပ်နဲ့ PDF လေးဖွဲ့ဟာ စက်တင်ဘာ ၁၃ ရက် ည ၁ နာရီလောက်မှာ ဒီပဲယင်းမြို့ အနောက်ဘက် မြို့ဝင်ဂိတ်ကို အလစ်အငိုက်ချောင်းမြောင်းပြီး ဝင်ရောက်တိုက်ခိုက်ချိန် တပ်ကြပ်တစ်ဦး၊ တပ်သား ၂ ဦးနဲ့ ပြည်သူ့စစ် ၁ ဦး သေဆုံးခဲ့ပြီး MA 1 တစ်လက်၊ G3 တစ်လက်၊ ကာဘိုင် တစ်လက် ၊ 79 မမ တစ်လက်နဲ့ ခဲယမ်းတချို့ သိမ်းယူသွားခဲ့တာပါ။

ဒီလိုမျိုး ချောင်းမြောင်းတိုက်ခိုက်တဲ့ PDF အဖွဲ့တွေကတော့ Bagan Orge Force – ပုဂံပြည် ဘီဘူးတပ် ၊ အဖြူရောင်ဒီပဲယင်းပကဖ၊ ရန်ကြီးအောင် PDF (ဒီပဲယင်း)နဲ့ ညောင်ဦးခရိုင် တပ်ရင်း (၅) တပ်ခွဲ (၂) ညီနောင်အဖွဲ့တွေဖြစ်ပြီး အဲဒီတိုက်ခိုက်မှုမှာ ရန်ကြီးအောင် PDF အဖွဲ့က ဒုတိယခေါင်းဆောင် ခြေထောက်နဲ့ ဗိုက်ကို ကျည်ထိခဲ့ပေမဲ့ မသေခဲ့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *