October 14, 2024

၁၆. ၉. ၂၀၂၃
Written by Peya

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် အဓမ္မကျင့်ပြီး သတ်ဖြတ်ခံထားရသည်ဟု ယူဆရသည့် အသက် ၂၇ နှစ်အရွယ် ကျောင်းဆရာမတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ စက်တင်ဘာလ ၁၆ ရက်တွင် တွေ့ရှိရကြောင်း ဒေသခံ တစ်ဦးက MT News သတင်းဌာနသို့ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဆရာမမှာ ရသေ့တောင်မြို့နယ်ရှိ ပန်းဖော်ပြင် အလယ်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသူ အသက် ၂၇ နှစ်အရွယ် အလယ်တန်းပြ ဆရာမ ဒေါ် ……. ဟု သိရပြီး ကျောင်းသို့အသွား လမ်းတွင် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

“ဆရာမက ကျွန်းပေါ်ပေါက်တောရွာမှာ နေတာပါ။ အလောင်းကို ပန်းဖော်ပြင်ကျေးရွာနဲ့ ကျွန်းပေါ်ပေါက်တောလမ်းမှာ တွေ့တာ။ အခုတော့ စစ်ဆေးနေတုန်းပဲ။ အလောင်းမှာက အဝတ်အစားတွေ လန်နေတာ တွေ့တယ်။ လည်ပင်းလှီးဖြတ် အသတ်ခံထားရတာ ဖြစ်တယ်။ တခြား ထိုးသွင်းဒဏ်ရာတွေလည်း တွေ့တယ်လို့ သိရပါတယ်” ဟု အထက်ပါ ဒေသခံက ကနဦး သိရချက်ကို MT News သတင်းဌာနသို့ ပြောသည်။

အလောင်း၏ ပုံစံကို ကြည့်ရချက်အရ အဓမ္မကျင့် သတ်ဖြတ်ခံထားရခြင်းဖြစ်မည်ဟု ဒေသခံများက ယူဆထားကြပြီး တာဝန်ရှိသူများက စစ်ဆေးနေကာ ဒေသခံများကလည်း ဆေးစစ်ချက် ရလဒ်ကို သိလိုနေကြကြောင်း ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *