October 14, 2024

၁၆. ၉. ၂၀၂၃
Translated by Htwe Ko Tun

လစ်ဗျားနိုင်ငံ အရှေ့မြောက်ပိုင်းသို့ ဦးတည်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း Daniel က စက်တင်ဘာလ ၁၀ ရက်တွင် ကုန်းတွင်းသို့စတင်ဝင်ရောက်ခဲ့ပြီးနောက် စက်တင်ဘာလ ၁၁ ရက် နံနက် အစောပိုင်းနာရီများတွင် မုန်တိုင်းကြောင့် သက်တမ်းကြာနေပြီဖြစ်သော ဆည်နှစ်ခုကျိုးပေါက်ခဲ့မှုက နိုင်ငံအရှေ့ပိုင်းပင်လယ်ဆိပ်ကမ်းမြို့ ဒါနာတွင် နေ့စဉ်နှင့်အမျှ သေကြေပျက်စီးမှုများ မြင့်တက်လာစေလျက်ရှိကြောင်းသိရသည်။

မုန်တိုင်းဝင်ရောက်မှုက တစ်ပတ်ခန့်ရှိပြီဖြစ်သော်လည်း ဆည်နှစ်ခုကျိုးပေါက်မှုကြောင့် ဒါနာမြို့နှင့် ပတ်ဝန်းကျင်တွင် စက်တင်ဘာလ ၁၄ ရက်အထိ လူ ၁၁,၃၀၀ ကျော်သေဆုံးခဲ့ရပြီး လူ ၁၀,၀၀၀ ကျော်သေဆုံးနေရကြောင်းလည်းသိရသည်။

ဒါနာမြို့အတွင်းဖြတ်၍ ပင်လယ်အတွင်းစီးဝင်နေသော ဝါဒီ ဒါနာမြစ်ပေါ်တွင် တည်ဆောက်ထားသော သက်တမ်းရင့် ဆည်နှစ်ခု ကျိုးပေါက်မှုကြောင့် ပြင်းထန်လျင်မြန်သော ရေအဟုန်က မြို့နှင့် ပတ်ဝန်းကျင်နယ်မြေအတွင်း ဖြတ်သန်းကာ ဒေသခံပြည်သူများစွာကို ပင်လယ်အတွင်းသို့ဆွဲခေါ်သွားခဲ့သည်ဟု ခန့်မှန်းရသည်။

This image has an empty alt attribute; its file name is photo_2023-09-16_13-30-06.jpg

ကယ်ဆယ်ရေးအဖွဲ့များက ၎င်းတို့အား ဒါနာမြို့အတွင်းဝင်ရောက်ခွင့်ပေးရန်တောင်းဆိုလျက်ရှိကြသည်။ အာဏာပိုင်များကလည်း ပျောက်ဆုံးနေဆဲဖြစ်သည့် လူ ၁၀,၀၀၀ ကျော်ကို ရှာဖွေရေးအဖွဲ့များကရှာဖွေနေမှုအား အထောက်အကူဖြစ်စေရန်အတွက် ရေလွှမ်းမိုးခဲ့သည့် ဒါနာမြို့အတွင်း ဝင်ရောက်မှုကိုကန့်သတ်မှုပြုထားသေးသည်။ မြို့အတွင်းရွှံ့နွံများအောက်နှင့် လူသူမရှိသည့်အဆောက်အအုံများ၌ ရှာ‌ဖွေရေးအဖွဲ့များက ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေကြဆဲဖြစ်‌ကြောင်းလည်းသိရသည်။

ရေကြောင့် ကူးစက်ပျံနှံ့သောရောဂါများဖြစ်ပွားမှု မြင့်တက်လာနိုင်ခြင်း၊ ဆည်များကျိုးပေါက်စဉ် ရေစီးနှင့် ပါသွားသော ပေါက်ကွဲနိုင်သည့်စစ်လက်နက်ပစ္စည်းများကြောင့်အပြင် ပျောက်ဆုံးနေသူများအနက် အများအပြားမှာ အသက်ရှင်လျက်ပြန်လည်မတွေ့နိုင်သည့်အခြေအနေတွင်ရှိနေခြင်းတို့ကြောင့် ဒါနာမြို့ ရေလွှမ်းမိုးမှုအတွင်း သေဆုံးသူမှာအများအပြားထပ်မံတိုးတက်လိမ့်မည်ဟု တာဝန်ရှိသူများက ပြောကြားကြသည်။

Ref—-AP

Leave a Reply

Your email address will not be published. Required fields are marked *