October 14, 2024

၁၆. ၉. ၂၀၂၃
Written By Thandar

ဂီတပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု များစွာရရှိထားတဲ့ အဆိုတော်သရုပ်ဆောင် ရဲရင့်အောင်ကတော့ သီချင်းဆိုတာ ဘယ်လောက်ပဲ အချိန်တွေကြာကြာဆိုခဲ့ဆိုခဲ့ ကျွန်တော့်အတွက် Pressure ပိနေတုန်းပါပဲလို့ ဆိုသလို သရုပ်ဆောင်ပိုင်းမှာလည်း Pressure ပိနေတယ်လို့ ပြောပါတယ်။

“ဇာတ်ကောင်ရဲ့ ပြောရမယ့် စကားလုံးတွေနဲ့ ကိုယ်တိုင်လည်း ခံစားလို့ရမယ့် ကာရိုက်တာအတွက် ကျွန်တော် တတ်နိုင်သမျှ ကြိုးစားသရုပ်ဆောင်ဖြစ်ပါတယ်။ မလုပ်နိုင်တဲ့ ကျဉ်းထဲကြပ်ထဲဇာတ်ဆိုရင်တစ်မျိုးပေါ့။ ကျွန် တော် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ရင် ခိုင်းသမျှလည်း အဆင်ပြေအောင်လုပ်ပါတယ်။ ကျွန်တော်က ဂီတပိုင်း လည်း ဝါသနာပါတော့ သရုပ်ဆောင်ပိုင်းရော ဂီတပိုင်းနှစ်မျိုးလုံးက သဘောကျတယ်။ သီချင်းဆိုတာ ဘယ်လောက်ပဲ အချိန်တွေကြာကြာဆိုခဲ့ဆိုခဲ့ ကျွန်တော့်အတွက် Pressure ပိနေတုန်းပါပဲ။ သရုပ်ဆောင် လုပ်တာ ဘယ်လောက်လွယ်တဲ့ဆင်းန်ဖြစ်ဖြစ် ခက်တဲ့ဆင်းန်ဖြစ်ဖြစ်ရိုက်ခါနီးတိုင်း Pressure ပိနေတုန်းပါပဲ။ သီချင်းပိုင်းနဲ့ သရုပ်ဆောင်ပိုင်းနှစ်ခုလုံးက Pressure ပိနေတာပေါ့။ ဖြေးဖြေးချင်းတော့ လျှော့ရတာပေါ့” လို့ အဆိုတော် သရုပ်ဆောင် ရဲရင့်အောင်ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-16_12-04-46-819x1024.jpg

သူဟာ လက်ရှိမှာ ဇာတ်လမ်းတွဲတစ်ခုနဲ့ ရုပ်ရှင်ကားကြီး တစ်ကားရိုက်ဖို့ရှိသလို ဇာတ်လမ်းတွဲတွေ ၊ ရုပ်ရှင်ဇာတ်ကားကြီး များစွာ ရိုက်ကူးထားသူလည်းဖြစ်လို့ ဂီတပိုင်းဖြစ်တဲ့ သီချင်းသစ်တွေအတွက် အလုပ်တွေ လှည့်မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။ ရဲရင့်အောင်က အနုပညာအလုပ်တွေ ခေတ္တနားနေချိန်မှာ သီချင်းတွေ နားထောင်ရင်း အားကစားလုပ်ကာ အပင်တွေစိုက်ပျိုးနေတယ်လို့ သိရပါတယ်။

“ အလုပ်နားနေချိန်မှာတော့ တရားနာပြီး အပင်တွေထိုင်ကြည့်နေရင် စိတ်ချမ်းသာပါတယ်။ ငယ်ငယ်တုန်းက နည်းနည်းကဲတယ်။ ဒုက္ခရောက်မယ့် အလုပ်လေးတွေလည်း လုပ်ဖြစ်ခဲ့တယ်။ အခုတော့ စိတ်ချမ်းသာတာနဲ့ ဘာနဲ့မှမလဲနိုင်တော့ဘူး။ ဘာသာရေး Heavy ကြီးလုပ်ပြီး လျှောက်ပြောနေတာမျိုးလည်းမဟုတ်ပါဘူး။ အလုပ်တွေများလာရင် လူက လောဘ ဒေါသ မောဟတွေ ပါလာတော့ ပြန်ရင့်ကျက်ဖို့ တရားလေးပြန်နာဖြစ်တယ်။ လက်ရှိကတော့ ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်ဖို့ ကြိုးစားနေတာပါ” လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *