October 14, 2024

၁၆.၉.၂၀၂၃
Written By Thandar

အလှမယ်လောကထဲကတစ်ဆင့် သရုပ်ဆောင်ပိုင်းတွေ လုပ်ဆောင်လာတဲ့ သရုပ်ဆောင် ဟန်လေးက သရုပ်ဆောင်ပိုင်းအဖြစ် အပြင်မှာအရမ်းစွာတဲ့သူဆိုတော့ စွာတဲ့ ကာရိုက်တာနဲ့ ရိုက်ချင်တယ်လို့ဆိုပါတယ်။

“ဟန်လေးကို သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ကာရိုက်တာက အငြိမ်တွေပေးတာများတယ်။ တစ်ခါတလေ ကြမ်းတယ်။ ကြမ်းတာလည်း အရမ်းမဟုတ်ဘူး။ ပါးပါးလေးရိုက်ရတာများတယ်။ ဟန်လေးက အရမ်းစွာတော့ စွာတဲ့ ကာရိုက်တာနဲ့ ရိုက်ချင်တယ်။ စွာတဲ့ ကာရိုက်တာနဲ့ လိုက်မယ်လို့ ခံစားရတယ်။ ဟန်လေး အပြင်မှာ အရမ်းစွာတဲ့ အထဲပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေထဲ အရမ်းဦးစားပေးခံရပြီး အရမ်းလည်း ချစ်ပေးကြတယ်။ သူငယ်ချင်းတွေကြားထဲ ကိုယ်က Happy Energy လေးပေါ့။ ဟန်လေးပါရင် ပိုပျော်ကြတယ်။ ဟန်လေးက သောကြာသမီးဆိုတော့ စကားအရမ်းပြောတယ်။ စကားမပြောရရင် နေမကောင်းဖြစ်ချင်လာ တယ်”လို့ သရုပ်ဆောင် ဟန်လေးကပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-16_11-00-21-2-683x1024.jpg

သူမကတော့ Miss Universe Myanmar 2015 & 2016 ခုနှစ်ရဲ့ 1st Runner Up ဆုရှင်လည်း ဖြစ်ပြီး ကိုယ်ပိုင် စီးပွားရေးလေးတစ်ခုလုပ်ဖို့ စီစဥ်နေတယ်လို့ဆိုပါတယ်။ ဟန်လေးက အနုပညာအလုပ်တွေနဲ့လည်း အလှမ်းမဝေးသွားအောင် ဇာတ်ကားတချို့ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။

“ဟန်လေး လက်ရှိအချိန်မှာ စိတ်ချမ်းသာအောင် အဓိကနေတယ်။တခြား ပိုင်ဆိုင်ချင်တာတွေ ဘာတွေ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် လှပအောင် ဝိတ်ချထားတယ်။ ပိုက်ဆံတွေ ဝင်အောင် အလုပ်တွေ ကြိုးစားလုပ်ချင်တယ်။ ပိုက်ဆံရရင် ကိူယ်လုပ်ချင်တာတွေလုပ်လို့ရတာပေါ့။ ကုန်စျေးနှုန်းအပြင် Skin Care စျေးတွေပါ တက်လာတာလေ။ အရမ်းမလုပ်နိုင်တော့ဘူး။ ကျန်းမာရေးကောင်းအောင်ပဲ နေထိုင်ဖြစ်နေတယ် ”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *