October 14, 2024

၁၆. ၉. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် စက်တင်ဘာလ ၁၅ ရက် မှ ၁၆ ရက်သို့အကူး သန်းခေါင်ယံအချိန်တွင် ယာဉ်သုံးစီး ဆင့်တိုက်သည့် ဖြစ်စဉ် ဖြစ်ပွားရာမှ အမျိုးသား ၁ ဦး ဇက်ကျိုးသည့် အနေအထားဖြင့် သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း Medical လူငယ်များ ပရဟိတ အသင်းထံက သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး အသင်းတိုက်မီးပွိုင့်တွင် သန်းခေါင်ယံ အချိန် ၁၂ နာရီ မိနစ် ၂၀ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း အဆိုပါ အသင်းနှင့် MT News သတင်းဌာနက စုံစမ်းထားသည့်အချက်အလက်များအရ သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-16_10-49-27-1024x768.jpg

“တက္ကစီက မီးနီဖြတ်မောင်းလာတာပေါ့။ အမည်း(အိမ်စီးကား) က လေးထောင့်ကန်ကနေ တာမွေဘက် မီးစိမ်းအတိုင်း မောင်းလာတာ။ အမည်း (အိမ်စီးကား) နားမှာလည်း တက္ကစီတစ်စီးလည်း ထပ်ရှိတယ်။ တက္ကစီနဲ့ အိမ်စီးကား တိုက်ပြီးတော့မှ ခုနက ဘေးနားက တက္ကစီကို တိုက်မိတဲ့သဘောပါ” ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက MT News သတင်းဌာနကို ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် မီးနီဖြတ်မောင်းသည့် တက္ကစီသည် ပြင်းထန်စွာတိုက်ပြီးနောက် ပလက်ဖောင်းအထိ တက်သွားခဲ့ကာ အိမ်စီးကားမှာလည်း သုံးလေးပတ်ခန့် လည်သွားခဲ့ကြောင်း၊ မီးနီဖြတ်သည့် တက္ကစီမှ အသက် ၅၄ နှစ်အရွယ် ယာဉ်မောင်း အမျိုးသား သေဆုံးကာ အိမ်စီးကားမှာမူ လေအိတ်များ ပွင့်သွားသည့်အတွက် အမျိုးသမီးတစ်ဦးသာ မစိုးရိမ်ရ ဒဏ်ရာရသွားကြောင်းလည်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-16_10-49-28-768x1024.jpg

“ဖြစ်စဉ် ဖြစ်ပြီးပြီးချင်း ငါးမိနစ်လောက်မှာ ဆုံးတယ်လို့ ယူဆရပါတယ်။ အိမ်စီးကားက တော်တော်ကြေသွားတယ်။ လေအိတ်တွေ ပွင့်သွားလို့သာပါ။ သေသွားတဲ့ အမျိုးသားကတော့ လည်ပင်းရိုးက ကျိုးသွားသလိုမျိုးမို့ပါ။ သူ့ကားက အဲ့ဒီလောက် မထိဘူး။ ခါးပတ် ပတ်မထားလို့ အခုလို ဖြစ်တာပါ။ ခါးပတ်ပတ်ထားရင်တော့ မသေနိုင်ဘူး။ ယာဉ်မောင်းခုံကနေ ဟိုဘက် ခုံအထိ ရောက်သွားတဲ့ အရှိန်ဆိုတာက များတယ်လေ” ဟု အထက်ပါ သိရှိသူက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *